Chapter - 23

541 107 18
                                    











《Unicode》

အနမ်း

စန်ကျစ်စန်း တစ်ဖက်လူအား ချက်ချင်းမတုံ့ပြန်ခဲ့ပါဘဲ ဦးစွာ နင်ကျစ်ယွမ်ဘက် လှည့်ကြည့်လာသည်။

နင်ကျစ်ယွမ်မှာ သူ့ထံ မတုန်မလှုပ်ကြည့်လာခဲ့ရင်း နှုတ်ခမ်းပေါ်ဝယ် ပါးလျသောအပြုံးတစ်ပွင့်ရှိနေခဲ့ကာ ပွဲကြည့်နေသည့်နှယ်။

အသံတိတ်အကြည့်စက်ကွင်းတို့အောက်ဝယ် မသိသာသောစိတ်ခံစားချက်အပြောင်းအလဲတို့ကား ချိတ်ဆက်နေသည့်အကြည့်တို့ကြား ဖြစ်ပေါ်လျက်ရှိနေလေသည်။

"Mr.စန်... "

အပြင်မှ လူငယ်လေးမှာ တုံ့ဆိုင်းနေပြီးမှ တစ်ဖန်ခေါ်လို့လာကာ ပို၍ပင် သနားချင့်စဖွယ်ကောင်းနေတော့၏။

နင်ကျစ်ယွမ် ကားပြတင်းဘက်သို့ ခေါင်းစောင်းငဲ့လိုက်ရင်း စန်ကျစ်စန်းအား အကြည့်နှင့် သတိပေးလာသည်။ စန်ကျစ်စန်း အကြည့်လွှဲလိုက်ကာ ကားတံခါးဖွင့်၍ ဆင်းမသွားမီတွင် မှာခဲ့လိုက်လေ၏။
"ကိုယ့်ကို စောင့်ဦး"

နင်ကျစ်ယွမ် ကားစက်သတ်လိုက်ကာ ထိုင်ခုံတွင် ကျောမှီလိုက်ရင်း အကြည့်တို့က စန်ကျစ်စန်းနောက် လိုက်ပါသွားလေတော့၏။

စန်ကျစ်စန်း လမ်းမီးတိုင်အောက် လျှောက်သွားလိုက်ပြီး ထိုလူငယ်ကလည်း နောက်မှလိုက်သွားကာ ရပ်တန့်လိုက်လေသည်။

နင်ကျစ်ယွမ် သူတို့အား ကြည့်နေလိုက်ရင်း အကြည့်က လူငယ်လေးထံမှ ရွေ့လျားသွားပြီးနောက်ဝယ် စန်ကျစ်စန်းထံတွင် အဆုံးသတ်သွားလေ၏။

စန်ကျစ်စန်းမှာ ဘေးတိုက်ရှိလျက် ရပ်နေခဲ့ပြီး လူငယ်လေးစကားဆိုသည်အား နားထောင်ပေးနေရင်း အနည်းငယ်တွန့်ချိုးနေသောမျက်ခုံးတို့က သူ၏စိတ်မရှည်မှုကို လှစ်ဟပြနေပေသော်ငြား သူ၏ကိုယ့်ကျင့်တရားကမူ စကားဆိုသည်အား ကြားဖြတ်နှောင့်ယှက်ခြင်းမှ ဟန့်တားထားခဲ့လေသည်။

ညမီးရောင်က စန်ကျစ်စန်း၏ကောက်ကြောင်းတို့ကို အနားသတ်ထားပြီး နဖူးမှနှာတံ၊ မေးရိုးတင်းတင်းထိတိုင် ချောမွေ့ကာ ပြီးပြည့်စုံသော အကွေးအဝိုက်တို့နှင့်ဖြစ်တည်နေသည်မှာ ဘုရားသခင်ကိုယ်တိုင် ထုဆစ်ထားပါသည့်နှယ်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now