ခိုးကြောင်ခိုးဝှက် ဓာတ်ပုံများ《Unicode》
ဓာတ်လှေကားက အပေါ်သို့ တက်လာသည်နှင့်အမျှ နင်ကျစ်ယွမ် ဓာတ်လှေကားနံရံအား မှီရင်း ခြေထောက်ကို ကန့်လန့်ဖြတ်ရပ်ထားကာ လက်တစ်ဖက်က အိတ်ထောင်ထဲ ထိုးထည့်ထားလျက် ပျင်းတိပျင်းရွဲဟန်နှင့် လက်မက ဘောင်းဘီအသားအား စည်းချက်ကျကျ ပွတ်သပ်နေလေသည်။ သူ့အကြည့်က ခပ်တည်တည်ရပ်နေပြီး ဓာတ်လှေကားတံခါးထံ စိုက်ကြည့်နေသော စန်ကျစ်စန်းထံ ရစ်ဝဲနေလေသည်။
"ခင်ဗျားလည်း ဒီအနီးတဝိုက်မှာ နေတာလား" : နင်ကျစ်ယွမ် ရုတ်တရက်မေးလိုက်လေသည်။
သီးခြားခွဲနေရန် စန်မိသားစုဗီလာမှ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက အသီးသီးရွှေ့လာကြတာဖြစ်သော်လည်း ဒီနှစ်တွေအတွင်း တစ်ယောက်နဲ့တစ်ယောက် တစ်ခါမှ အိမ်အလည်မဖိတ်ခဲ့ဖူးပေ။
စန်ကျစ်စန်းက လူနေအိမ်ရာတစ်ခု၏နာမည်အား သာမန်ကာလျှံကာမျှ ရွတ်ပြလာလေသည်။ ၄င်းအား ကြားပြီးနောက် နင်ကျစ်ယွမ် ခဏလောက်တွေးဆနေပြီးမှ ထမေးလာလေသည် : "အဲ့ဒါက လိကျင်ထျန်းတူနားကဟာလား"
ထိုစကားလုံးငါးလုံးအားပြောလိုက်မိလေတော့မှ စန်ကျစ်စန်းမျက်လုံးတို့တွင် လှိုင်းထလာပြီး အကြည့်က နင်ကျစ်ယွမ်ထံ ရွှေ့လာသည်။
နင်ကျစ်ယွမ် ပြုံးလိုက်ပြီး စနောက်လာလေသည် : "လိကျင်ထျန်းတူနားမှာလည်း အိမ်ခန်းရှိတာလား"
စန်ကျစ်စန်း ဘာမှဖြေမလာဘဲ နင်ကျစ်ယွမ်၏ မျက်လုံးများမှတစ်ဆင့် ရုတ်တရက်မေးမြန်းလာမှုနောက်မှ အကြောင်းအရင်းကို ဖတ်ရှုရန် ကြိုးပမ်းနေလေသည်။ ကံမကောင်းစွာပင် ယစ်ထွေနေသောထိုမျက်ဝန်းများထဲတွင် ရယ်ချင်နေဟန်၊ ဉာဏ်နီဉာဏ်နက်အဖြာဖြာနှင့် သရော်မှုအပေါင်းမှအပ ငုပ်လျှိုးနေသောအဓိပ္ပာယ်ကို ဖွင့်ဆိုရန် ခက်ခဲလွန်းလှပေသည်။
ဓာတ်လှေကားက ရပ်သွားပြီး တံခါးချပ်က ပွင့်သွားကာ စန်ကျစ်စန်းမှ ဦးစွာ လျှောက်ထွက်လိုက်လေသည်။ ပြီးမှ နင်ကျစ်ယွမ် နောက်ကနေ ခပ်ဖြည်းဖြည်း လိုက်လာသည်။
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်" 《同坠》Falling Together by 白芥子 76 Chapters