《Unicode》အစ်ကိုကြီးနှင့်ညီငယ်လေး
မြို့ထဲသို့ပြန်လာကြပြီးနောက် အသီးသီး အိမ်ကိုပြန်၍ ရေချိုးသန့်စင်ကာ အဝတ်အစားလဲလိုက်ကြလေသည်။ ၁၁နာရီထိုးဝန်းကျင်တွင် စန်ကျစ်စန်း၏ကားက နင်ကျစ်ယွမ်အိမ်အောက်ထပ်၌ တစ်ပြန် ထိုးရပ်လာသည်။
ဆယ်မိနစ်ခန့်စောင့်ဆိုင်းပြီးနောက် ကားအပြင်ဘက်မှ ထီးတစ်ချောင်းကို ဖွင့်ကာ လျှောက်လှမ်းလာသော နင်ကျစ်ယွမ်ကို မြင်လိုက်ကာ စန်ကျစ်စန်းအကြည့်တို့က သူ့ထံကျရောက်လာပြီး ခဏမျှ လေ့လာကြည့်ရှုနေလေသည်။
ယမန်ညက နင်ကျစ်ယွမ်သည် ဆွယ်တာတစ်ထည်ပေါ် ကုတ်အင်္ကျီတစ်ထည်ထပ်ဝတ်ထားတာဖြစ်သည်။ ယနေ့တွင်မူ သူ၏မူလဘူတ အနောက်တိုင်းဝတ်စုံပြည့်ကို ပြန်လဲလိုက်ပြီဖြစ်ပြီး အပေါ်တွင် မီးခိုးရင့်ရောင်သားမွှေးကုတ်အင်္ကျီရှည်ကို ဝတ်ထားလေသည်။ စန်ကျစ်စန်းအနေနှင့် နင်ကျစ်ယွမ် ဤကဲ့သို့ဝတ်ဆင်သည်အား မမြင်ရတာကြာနေပြီဖြစ်ရာ အနည်းငယ် စိမ်းသက်နေသလိုပင် ခံစားရလေသည်။
အခုမှ စန်ကျစ်စန်းသတိထားမိသည်မှာ နင်ကျစ်ယွမ်သည်လည်း သူနှင့် ဆိုဒ်တူဂိုက်တူ အရွယ်ရောက်လာပြီဖြစ်သည့် ယောကျာ်းရင့်မာတစ်ယောက်ဖြစ်ကြောင်းပင်။ သူ လွယ်လင့်တကူ ထိန်းချုပ်လို့ရနိုင်မည့် လူတစ်ယောက် မဟုတ်ချေ။
နင်ကျစ်ယွမ် ကားတံခါးကို ဆွဲဖွင့်၍ ဝင်ထိုင်လိုက်ကာ အပြင်မှ အအေးဓာတ်ကို သယ်ဆောင်လို့လာလေသည်။
"မင်းကြည့်ရတာ တက်ကြွနေပုံပဲ" : စန်ကျစ်စန်း နင်ကျစ်ယွမ်အား အနီးကပ် စေ့စေ့စပ်စပ်ကြည့်ရှုလေ့လာလိုက်ပြီး သူ့အကြည့်တို့က ထိန်းထိန်းသိမ်းသိမ်းမရှိလှပေ။
နင်ကျစ်ယွမ် ဘာသိဘာသာပင် ခွန်းတုံ့ပြန်လိုက်လေသည်။
"ခင်ဗျားလည်း ကြည့်ရမဆိုးပါဘူး"စန်ကျစ်စန်းလက်လှမ်းလိုက်ကာ သူ့ပုခုံးပေါ်က နှင်းမှုန်လေးများကို ခါပေးလာသည်။ နင်ကျစ်ယွမ် ကားခုံကို မှီလိုက်ကာ တုံဏှိဘာဝေပင် အကြည့်ကို စန်ကျစ်စန်းပုခုံးကိုကျော်၍ ကားပြတင်းအပြင်ထံ လှမ်းပို့လိုက်လေသည် : "နှင်းကျနေတာပဲ"
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်" 《同坠》Falling Together by 白芥子 76 Chapters