Chapter - 5

705 129 16
                                    



နင်းမိသားစုဓာတ်ပုံအလ်ဘမ်

Unicode

တစ်လကြာပြီးနောက်။

ကားက မြို့ထဲဝင်လာသည်နှင့် စန်းကျစ်ယွမ် တစ်လလုံးလုံးပိတ်ထားသည့်ဖုန်းကို ဖွင့်လိုက်လေရာ သူ့နောက်ခံအကြောင်းမေးထားကြသည့် မက်ဆေ့ချ်အသစ်များက ပလူပျံလို့နေပေသည်။

နေရာတကာပါလွန်းလှသော အဲ့ဒီဦးလေးများအဒေါ်များသတင်းဖြန့်ပေးတဲ့ကျေးဇူးနဲ့ အခုလောက်ဆို တစ်လောကလုံး သူ့အကြောင်း သိပြီးလောက်ပေပြီ။

စာပြန်နေဖို့ရာလည်း စိတ်ပါမနေသောကြောင့် ဖုန်းအားပစ်ချလိုက်ချိန်မှာ ဖုန်းကောလ်အသစ်က ဝင်လာပြန်သည်။

"ရှောင်စန်း ရှင် ကျွန်မကို တမင်ရှောင်နေတာလား ဖုန်းခေါ်တိုင်း ဘာလို့အမြဲစက်ပိတ်ထားတာလဲ" တစ်ဖက်မှမိန်းကလေးက စောဒကတက်လေသည်။

"အခုဖြေနေပြီပဲမလား တောင်းပန်တဲ့အနေနဲ့ မင်းကို ညစာတစ်နပ်လောက် လိုက်ကျွေးရင်ရော" : စန်းကျစ်ယွမ် စိတ်မပါလက်မပါတုံ့ပြန်လိုက်လေသည်။

"ဒါဆို ပြီးခဲ့တဲ့တစ်လလုံး ဘယ်ပျောက်နေတာလဲ"

စန်းကျစ်ယွမ်အကြည့်တို့က ကားပြတင်းဆီ ရွှေ့ပြောင်းသွားလေသည် : "ဘုရားကျောင်းတစ်ခုမှာ"

"ဘာရယ်" တစ်ဖက်မှအမျိုးသမီးက အံ့အားသင့်စွာ ဆိုသည်။

စန်းကျစ်ယွမ် ရယ်သွမ်းသွေးမိရရင်း : "တကယ်ပါဆို ကိုယ်ဘုရားကျောင်းမှာ ဘုရားစာရွတ်ရင်း တစ်လလုံး ကုန်ဆုံးခဲ့တာလေ"

"ကျွန်မကို နောက်နေတာမလား"

"မနောက်ပါဘူး" : စန်းကျစ်ယွမ်ဆိုလေသည်။

သူ အတိအကျကြီး ဘုရားကျောင်းကို တမင်တကာသွားခဲ့တယ်ရယ်လို့လည်းမဟုတ်ပါပေ။ ခွင့်တင်ပြီးနောက် လုပ်စရာမရှိသည့်အတူ အစွန်အဖျားက အပန်းဖြေဟိုတယ်တစ်ခုဆီ သွားနေရန် ဆုံးဖြတ်ခဲ့လေသည်။ ဟိုတယ်က တောင်တွေကြားက ဘုရားကျောင်းအနီးမှာ ရှိနေခဲ့တာဖြစ်ပြီး သူ့နေ့ရက်များကို ရှုခင်းများကြည့်ရင်း၊ နေ့တိုင်း နှစ်နာရီခန့် ဘုန်းတော်ကြီးများ ဝတ်ရွတ်သံသွားနားထောင်ရင်း၊ ဘာမှမတွေးမိဖို့ ကြိုးပမ်းကာ စိတ်၏သန့်စင်အေးချမ်းရာကို ရှာဖွေနေခဲ့တာဖြစ်သည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now