Chapter - 11

671 134 9
                                    









《Unicode》

မျက်ရှုရတနာ

ဒီဇင်ဘာလထဲ ဝင်လာသည်နှင့်အမျှ ရာသီဥတုက တစ်နေ့တခြား အေး,အေးလာလေသည်။ နင်ကျစ်ယွမ် နင်မိသားစုအိမ်မှာ ညစာစားပြီးထွက်လာချိန်တွင် အမေရိကားတွင် ကျောင်းတက်စဉ်က သိကျွမ်းခဲ့သော အတန်းဖော်ဟောင်းဆီမှ ဖုန်းလက်ခံရလေသည်။ ထိုအတန်းဖော်က လောလောဆယ် အလုပ်ခရီးအနေနှင့် တရုတ်ပြည်ကို ရောက်နေပြီး ပြီးခဲ့သည့်နှစ်ရက်တွင်ကတည်းက အလုပ်ပြီးသွားပြီဖြစ်သောကြောင့် နင်ကျစ်ယွမ်အား တွေ့ကြဖို့ရာ အချိန်ရှိ၊မရှိ မေးလာတာဖြစ်သည်။

"အချိန်ကိုက်ပဲ ငါလည်း အားတယ် တွေ့ဖို့ တစ်နေနေရာချိန်းကြတာပေါ့" : နင်ကျစ်ယွမ် သဘောတူလိုက်ကာ ဖုန်းချလိုက်ပြီးနောက် လိပ်စာအနေနဲ့ အနီးအနားက ပုဂ္ဂလိက ကလပ်တစ်ခုနေရာအား ပို့လိုက်လေသည်။

နေရာကို ရောက်သည်နှင့် အတန်းဖော်ဟောင်းက ပွေ့ဖက်ပြီး နှုတ်ဆက်လာလေသည် : "ငါတို့နောက်ဆုံးတွေ့တုန်းကတစ်ခေါက်ထက် ပိုပြီး စိတ်အေးလက်အေးပုံပေါက်လာတာပဲ"

နင်ကျစ်ယွမ် ပြုံးလိုက်လေသည် : "ငါ အလုပ်ထွက်လိုက်ပြီလေ နားနေတာ နှစ်လလောက်တောင်ရှိပေါ့ ဘယ်လိုလုပ် စိတ်အေးလက်အေးမရှိဘဲနေမလဲ"

အံ့အားသင့်စွာပင် သူ့သူငယ်ချင်းက မေးလာသည် : "အလုပ်ထွက်တယ်? မင်းပဲ မင်းမိသားစုရဲ့ကုမ္ပဏီမှာ လုပ်နေတာ မဟုတ်ဘူးလား"

နင်ကျစ်ယွမ်ထိုင်ချလိုက်ပြီး အနည်းငယ် မေးငေါ့လိုက်လေသည် : "ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ဖို့ မေ့နေတာပဲ အခု ငါ့နာမည်က နင်ကျစ်ယွမ်ဖြစ်သွားပြီ"

သူ၏ ပြဇာတ်ဆန်လှသော နောက်ခံအား အကျဉ်းချုံးရှင်းပြလိုက်ပြီးနောက် အတန်းဖော်ဟောင်းမှာ အံ့အားသင့်စွာပင် ပြောလာသည် : "ဒီလိုကိစ္စမျိုးကလည်း ရှိသေးတာလား? မယုံနိုင်စရာ၊ မင်း ဒီတိုင်းပဲ ရောင့်ရဲလိုက်ပြီပေါ့"

"ရွေးချယ်စရာမရှိဘူးလေ ငါက ပြဿနာတွေရှာပြီး တွယ်ကပ်နေတတ်တဲ့သူလည်း မဟုတ်ဘူး အဲ့လိုလုပ်ဖို့ကလည်း ငွေအင်အားရှိဦးမှ"

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now