Chapter - 15

708 132 8
                                    









                   《Unicode》

အသည်းကွဲခြင်း

အပေါ်ဆုံးလွှာအထိ ဓာတ်လှေကားကို စီးလိုက်လျှင် စန်ကျစ်စန်း၏ ၅၈လွှာရှိ နေအိမ်၊ Penthouse*ကို ရောက်လေသည်။

[*မိုးမျှော်တိုက်တွေရဲ့ ထိပ်ဆုံးမှာ ဆောက်ထားတဲ့ ဇိမ်ခံတိုက်ခန်း]

နင်ကျစ်ယွမ် တစ်လွှာပြီးတစ်လွှာ တက်သွားသောနံပါတ်များကို တိတ်ဆိတ်စွာ ကြည့်နေရင်း မထိန်းချုပ်နိုင်ဘဲ မေးမိလေ၏ : "ဘာလို့ ဒီလိုအထပ်အများကြီးပါတဲ့အဆောက်အအုံမှာ ဝယ်ထားတာလဲ ပြီးတော့ ဘာလို့ Penthouseလဲ"

စန်ကျစ်စန်းက "မင်းမြင်ရင် သိလိမ့်မယ်"ဟုသာ တုံ့ပြန်လာသည်။

ထိပ်ဆုံးတစ်လွှာလုံးသည်က နေအိမ်တစ်ခုတည်းမှ ပိုင်ဆိုင်ထားလေသည်။ ဝင်လိုက်လျှင် မီတာ၂၀၀ပတ်လည် ကျယ်ဝန်းသော ဧည့်ခန်းမက မျက်စိရှေ့ ပေါ်ထွက်လာသည်။
ကြမ်းပြင်မှသည် မျက်နှာကြက်အထိရှိသော မှန်နံရံများက အောက်ဘက်မှ ဝင်းလက်တောက်ပနေသော မြို့ပြအား ၁၈၀ဒီဂရီမြင်ကွင်းကျယ် မြင်နေရစေ၏။

နင်ကျစ်ယွမ်မှာ တော်တော်လေး အံ့အားသင့်သွားရပြီး ခြေလှမ်းတို့က ရပ်တန့်သွားလေသည်။ စန်ကျစ်စန်းက ပြောလာသည် : "သွားပြီး တစ်ချက်ကြည့်ကြည့်လေ"

နင်ကျစ်ယွမ် မေးလာသည် : "ဒါတကယ်ပဲ ခင်ဗျားအိမ်? တစ်ယောက်တည်းနေတာလား?"

စန်ကျစ်စန်း ပြန်မေးခွန်းထုတ်လိုက်လေသည် : "မဟုတ်ရင်ရော?"

မျက်လုံးတို့ထဲတွင် ရယ်မြူးရိပ်တို့ကို မြင်နေရပြီးနောက် နင်ကျစ်ယွမ် ထပ်ပြီး ဖိအားပေးမနေတော့ဘဲ မှန်နံရံများဆီ လျှောက်သွားလိုက်လေသည်။ လက်ဖဝါးကို ၄င်းတို့အပေါ် တင်ထားလိုက်ရင်း ခပ်ဖွဖွဖိလိုက်လေသည်။ အေးစက်သောခံစားမှုက အန္တရာယ်များလှသော်လည်း စွဲမက်ဖွယ်ကောင်းလှပေ၏။

သိမ်းကျုံးမြင်နေရသော မြင်ကွင်းအောက်တွင် လူတစ်ယောက်အနေနှင့် အရာခပ်သိမ်းကို အပေါ်စီးမှ ကြည့်မြင်နေနိုင်သည့်အတိုင်းပင်။

စန်ကျစ်စန်း ဤနေရာကို ရွေးချယ်သည်မှာ အံ့ဩစရာမရှိတော့ပါ။ နင်ကျစ်ယွမ် သူ့နေရာမှာ မိမိသာဆိုလျှင်လည်း ဒီဆွဲဆောင်နိုင်စွမ်းမှ ရုန်းထွက်နိုင်လောက်မည်မဟုတ်ဟု တွေးမိလေသည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now