Chapter - 1

1.6K 161 9
                                    


Unicode

၁၁နာရီ၅၀မိနစ်။ စန်းကျစ်ယွမ် လေယာဉ်ကွင်းမှထွက်လာပြီး ကားပေါ်တက်လိုက်ကာ တစ်ထိုင်တည်း နေ့လည်ခင်းဘုတ်အဖွဲ့အစည်းအဝေးအတွက် အနှစ်ချုပ်ကို ပြန်လည်စီစစ်နေလိုက်သည်။

ရှေ့ခုံက အတွင်းရေးမှူးမှာ တစ်ချက်လှည့်လာရင်း အသိပေးလေသည် : "ဒါရိုက်တာအသစ်ခန့်အပ်ဖို့ အဆိုပြုချက်ကို ဒီနေ့ဆွေးနွေးမှာပါ ထွေထွေထူးထူးဖြစ်စရာတော့မရှိပါဘူး Mr.ကျန်းက ဒီတစ်ခါ ကျိန်းသေ ဘုတ်အဖွဲ့ထဲ ဝင်နိုင်ပါလိမ့်မယ်"

စန်းကျစ်ယွမ်မှာ လက်ထဲကတက်ပလက်ထံမှ အကြည့်မလွှဲဘဲ : "စန်းကျစ်စန်း ဘယ်လိုနေလဲ"

"တုံဏှီဘာဝေပဲ Mr.ကျန်းနဲ့တစ်ခြားလူတွေထဲမှာ Mr.ကျန်းရဲ့အရည်အချင်းတွေက အသင့်တော်ဆုံးပါ ဥက္ကဌစန်းတောင် သူ့ဆီက ဘာပြစ်ချက်မှ ရှာနိုင်မှာမဟုတ်ပါဘူး" အတွင်းရေးမှူးက ဖြေလေသည်။

စန်းကျစ်ယွမ် ခုံလက်တန်းပေါ် တံတောင်တင်လျက် ခေါင်းမော့လာကာ သူ့ရဲ့ သန့်ရှင်းပြီး သွယ်လျတဲ့ လက်ချောင်းရှည်တွေက မေးတစ်လျှောက် လှုပ်ခတ်နေလေသည်။ သူ့လေသံမှာ ဝေခွဲမရတဲ့ အရိပ်ယောင်သန်းနေရင်း : "တုံဏှီဘာဝေ?"

အတွင်းရေးမှူးက ထောက်ခံလေသည် : " အဟုတ်ပဲ ဘာတုံ့ပြန်ချက်မှမမြင်ရဘူး အနည်းဆုံးတော့ အပြင်ပန်းမှာ အဲ့လိုထင်ရတာပါပဲ"

စန်းကျစ်ယွမ်မှာ လုံးလုံးကြီး မယုံသေးပေ။ ဘုတ်အဖွဲ့ကို သူ့ဘက်က လူတစ်ယောက် ထပ်ထည့်နိုင်ပြီမို့ ရှေ့လျောက် စန်းကျစ်စန်းအနေနဲ့ ဆုံးဖြတ်ရတာ စီမံရတာ ပိုရှုပ်ထွေးလာနိုင်ပြီမို့။ သူ့အစ်ကိုက ဒီလောက် ကိုင်တွယ်ရ လွယ်သွားပြီလား။

"ဖြစ်နိုင်တာက တကယ့်ခြေလှမ်းကြီးကြီးလှမ်းဖို့ သူခဏ အောင့်အီးနေတာလားပဲ" : အတွင်းရေးမှူးက စနောက်လိုက်လေသည်။

စန်းကျစ်ယွမ် လှမ်းကြည့်လာကာ : " ပါးစပ်ပိတ်ထား"

ရုံးခန်းထဲဝယ် စန်းကျစ်စန်း ခုံနောက်ကျောကို မှီထားကာ လက်ချောင်းတို့က စားပွဲကို ခပ်ဖွဖွ ခေါက်နေရင်း တစ်ဖက်က အစီရင်ခံစာကို နားထောင်နေလေသည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now