Chapter - 14

739 138 7
                                    









《Unicode》

ပထမဆုံးလူ

နှစ်ရက်ကြာပြီးနောက် နင်ကျစ်ယွမ်ထံ သူ၏အတန်းဖော်ဟောင်း ကျိုးဟောက်ချန်ဆီမှ ဖုန်းဝင်လာသည်။ နောက်ရက်တွင် ပြန်တော့မည်ဖြစ်ကြောင်းအသိပေးပြီး မပြန်ခင် ဆုံကြရန် ပြောလာတာဖြစ်သည်။

စီးပွါးရေးအချက်အချာနယ်မြေက စားသောက်ဆိုင်တစ်ဆိုင်တွင် တွေ့ရန် သဘောတူလိုက်ကြပြီး ထိုင်လိုက်သည်နှင့် နင်ကျစ်ယွမ်က အဆိုပြုလာသည်။
"နှုတ်ဆက်တဲ့အနေနဲ့ ငါ့ကို ဒကာခံခွင့်ပြု"

သူ့သူငယ်ချင်းကလည်း ငြင်းဆန်မနေပေ : "ဟုတ်ပြီလေ နောက်လ မင်းUSကို လာတော့မှ ငါဧည့်ခံရတာပေါ့"

နင်ကျစ်ယွမ် ဖန်ခွက်ကိုမကာ ရေတစ်ငုံစာသောက်လိုက်ပြီး ထိုစကားကို တုံ့ပြန်ဖို့ရာ အပင်ပန်းခံမနေတော့။

ကျိုးဟောက်ချန်က အတွင်းပိုင်းထောက်ခံချက်များမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများကို ကူစုံစမ်းပေးထားလေသည် : "မင်းရဲ့အထင်ကြီးလောက်စရာကိုယ်ရေးအကျဉ်းနဲ့ဆို ကုမ္ပဏီတိုင်းက မင်းကိုလက်ခံဖို့ စိတ်အားထက်သန်နေကြမှာပါ"

နင်ကျစ်ယွမ် ရယ်သွမ်းသွေးလိုက်လေသည် : "အဲ့လောက်မလွယ်ဘူး"

"မင်းတုံ့ဆိုင်းနေတာလား အဲ့ဒီကို မသွားချင်တော့ဘူးလား" : ကျိုးဟောက်ချန် သူ့အား ခဏလောက် အကဲခတ်လာပြီးမှ ရုတ်တရက် သဘောပေါက်သွားသလိုနှင့် : "အရင်တစ်ခေါက်က မင်းကို အသည်းကွဲနေတယ်လို့ပြောတုန်းက မင်းကသာ ငြင်းခဲ့တာ ဒီနေ့ကျတော့ မင်းကြည့်ရတာ ရည်းစားဟောင်းလေးနဲ့ ပြန်အဆင်ပြေသွားသလိုပဲ အဲ့ဒါက မင်းရဲ့အနာဂတ်အစီအစဉ်တွေကို ပြောင်းလဲသွားစေတာပေါ့လေ?"

နင်ကျစ်ယွမ် ရေသောက်နေရင်း ထသီးတော့မတက်ပင်။ ဖန်ခွက်ကို ချလိုက်ပြီး ပြောလိုက်လေသည် : "ဘာတွေပြောနေတာလဲ ငါ့ကို အဲ့လိုမစဖို့ ပြောပြီးသားနော်"

သူ့သူငယ်ချင်းက ပြောလာသည် : "ငါတကယ်ပဲ မင်းရဲ့ အခုမျက်နှာအမူအရာကို ဓာတ်ပုံရိုက်ထားလိုက်ချင်တယ် ပြီးရင် မင်းဘာသာမင်းကြည့်လိုက် ငါပြောတာ မှန်၊မမှန်သိလိမ့်မယ်"

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now