Chapter - 26

608 92 15
                                    











[t/n : ဘာသာပြန်သူလေးမိမိ မျက်နှာပူပူနဲ့ပဲ တင်လိုက်ပါပြီရှင်]

《Unicode》

ဗီဇအစစ်အမှန် ပေါ်ထွက်လာခြင်း

အရုဏ်တက် အလင်းကွဲလာသော် နင်ကျစ်ယွမ် စန်ကျစ်စန်းအိမ်မှ ထွက်ခဲ့လေသည်။ အိမ်ကိုပြန်၍ ရေမိုးချိုး၊အဝတ်အစားလဲကာ အထုတ်အပိုးများပြင်ဆင်ပြီးနောက် နင်မိသားစုမှ သူ၏မိဘနှစ်ဦးအားကြိုရန် ကားကို မောင်းထွက်လာသည်။ အတူတကွ၊ ကပ်ရပ်ရှိပြည်နယ်မှ ဘိုးဘပိုင်အိမ်သို့ ဦးတည်မောင်းနှင်ခဲ့လေတော့လေ၏။

"ကားမပိတ်တောင်မှ သုံးနာရီလောက်ကြာမှာ၊ သားပင်ပန်းရင် သားရဲ့အဖေကို တစ်အောင့်လောက် ဝင်မောင်းခိုင်းလိုက်နော်"

စွန်းရှောင်ချင်း နင်ကျစ်ယွမ်အား ပူပူလောလောဖုတ်ထားပြီးကာစ ကိတ်မုန့်ကလေးအား ကားမောင်းနေဆဲသူ့ထံ ကမ်းပေးလာကာ အပြုံးတို့ချိတ်ဆွဲထားရင်း မေးလာသည်။

"ဒီနေ့ သားကြည့်ရတာ စိတ်ပျော်နေပုံပဲနော်"

"လူလဲစရာမလိုပါဘူး၊ ကျွန်တော်ပဲ မောင်းမယ်"
နင်ကျစ်ယွမ် ကိတ်မုန့်စားရင်း ပြန်ဖြေလ်ိုက်လေသည်။ သူအမှန်ပင် စိတ်ကြည်နေပါသောကြောင့် : "ဒီနေ့က အားလပ်ရက်ပဲလေ၊ ပိုပြီး စိတ်အေးလက်အေးဖြစ်နေတာပေါ့"

ယမန်ညက နောက်ကျမှ အိပ်ရာဝင်ခဲ့ပါသော်ငြား ပြည့်ပြည့်ဝဝအနားရခဲ့သောညဖြစ်ကာ အိမ်မက်ပင် မမက်ခဲ့ပေ။

သူသည် အလုပ်ခရီးများမှလွဲလျှင် တခြားနေရာတွင် ညအိပ်ညနေ နေခဲလှပါ၏။ တစ်စုံတစ်ယောက်နှင့် ဟိုတယ်တွင် အချိန်ကုန်ဆုံးဖြစ်ခဲ့လျှင်တောင် ၎င်းက သူ့စိတ်ဆန္ဒဖြည့်ဆည်းဖို့ရာသာဖြစ်ခဲ့ပြီး ကိစ္စပြီးလျှင် ထွက်လာခဲ့သည်ချည်းသာ။ သူ့ကိုယ်ပိုင်နေရာနှင့် စန်မိသားစုဗီလာမှလွဲလျှင် စန်ကျစ်စန်း၏အိမ်ကသာ ဤမြို့ထဲတွင် ညအိပ်နေဖြစ်ခဲ့သော တစ်ခုတည်းသောနေရာဖြစ်၏။

၎င်းသည်သာလျှင်လည်း သူ၏ကိုယ်ပိုင်အိမ်ရာမှလွဲလျှင် သူကောင်းကောင်းမွန်မွန်အိပ်စက်နိုင်ခဲ့သော တစ်ခုတည်းသောနေရာဖြစ်လေသည်။

You've reached the end of published parts.

⏰ Last updated: Oct 28 ⏰

Add this story to your Library to get notified about new parts!

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now