Chapter - 6

1K 170 4
                                    




ပိုင်ရှင်အမှန်ထံ ပြန်ပေးအပ်ခြင်း

Unicode

ညနေသုံးနာရီကျော်ကျော်လောက်တွင်ဖြစ်သည်။ စန်းကျစ်ယွမ် ကားအား စန်အန်းရုံးအဆောက်အဦး မြေအောက်ကားပါကင်အတွင်းသို့ မောင်းဝင်လာလေသည်။

ဓာတ်လှေကားထဲမဝင်ခင် ဖုန်းကိုထုတ်လိုက်ပြီး အတွင်းရေးမှူးထံ မက်ဆေ့ချ်ပို့လိုက်ကာ ပြန်စာကို စစ်ဆေးမနေတော့ဘဲ အိတ်ထောင်တွင်း ထိုးထည့်လိုက်လေသည်။

ငါးမိနစ်လောက်နေတော့ စန်းကျစ်စန်း၏ရုံးခန်းဝကို ရောက်လာသည်။ အထွေထွေအတွင်းရေးမှူးမလေးသည် ကွန်ပျူတာစခရင်တွင် အာရုံရောက်နေပြီး စားပွဲစောင်းပေါ် လက်ချောင်းနှင့်ခေါက်သံ ကြားလေတော့မှ မော့ကြည့်လာသည်။ မတ်တပ်ထရပ်လိုက်မိပြီး အံ့အားသင့်စွာ ရေရွတ်လာလေသည်က : "Mr.ရှောင်စန်း"

"သူ အထဲမှာရှိလား ပြောစရာကိစ္စလေးရှိလို့ တွေ့ဖို့လိုတယ်" : စန်းကျစ်ယွမ် တန်းပြီးပြောလိုက်သည်။

"ခဏလေးစောင့်ပေးပါနော်" : အထွေထွေအတွင်းရေးမှူးက ရုံးတွင်းလိုင်းမှတစ်ဆင့် ခေါ်လိုက်ပြီး တစ်ဖက်မှ စန်းကျစ်စန်းအား ပြောလိုက်လေသည်။ ဖုန်းချပြီးနောက် စန်းကျစ်ယွမ်အတွက် ရုံးခန်းတံခါးကို ဖွင့်ပေးလိုက်လေ၏။

စန်းကျစ်ယွမ်ဝင်လာသည်နှင့် စန်းကျစ်စန်း အကြည့်တို့က မသိမသာနှင့် စစ်ဆေးကြည့်ရှုလာလေသည်။

စန်းကျစ်ယွမ်မှာ ထသွားထလာကုတ်အင်္ကျီပေါ် လေကာအပေါ်ဝတ်တစ်ထည်ထပ်၍ ပေါ့ပါ့ပါးပါးဝတ်စားထားလေသည်။ ဝိတ်အနည်းငယ်ကျသွားပုံရသော်လည်း တက်တက်ကြွကြွရှိပုံတော့ ရလေသည်။

"ထိုင်လေ" : စန်းကျစ်စန်းလက်ဟန်ပြလိုက်လေသည်။

"ဒီနေ့ ခွင့်ရက်ပယ်ဖျက်ဖို့ ရောက်လာတာလား"

"မဟုတ်ဘူး" : စန်းကျစ်ယွမ် ဆိုဖာခုံပေါ် ပျင်းရိစွာ မှီတွယ်လိုက်လေသည် : "အလုပ်ထွက်ဖို့ ရောက်လာတာ"

"အလုပ်ထွက်မယ်?" : စန်းကျစ်စန်း မျက်ခုံးတန်းတို့ မြင့်တက်သွားလေ၏။

"အင်း" : စန်းကျစ်ယွမ် အတည်ပြုပေးလိုက်လေသည် : "အလုပ်ထွက်မလို့"

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now