Unicodeစန်းကျစ်ယွမ် သဘောပေါက်လေပြီ။ စန်း ကျစ်စန်းပြောသည့် 'သူ'မှာ စန်းမိသားစုဝင်အစစ်ကိုဆိုလိုပြီး သူ, စန်းကျစ်ယွမ် မဟုတ်ပေ။
ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ။
စကားအများဆုံးပြောသွားသည့် ဦးလေးဖြစ်သူက စကားစလေသည် : "မင်းလည်း ကိုယ်တိုင်ကြည့်ပြီးပြီပဲ ငါတို့ ထပ်ပြီး မင်းကို ဖုံးကွယ်နေစရာလည်းမလိုတော့ဘူး မင်းက ငါတို့မိသားစုရဲ့သား မဟုတ်ဘူး ယောက်မ ကလေးမွေးတုန်းက ရေမြွှာရည်နည်းတဲ့ပြဿနာဖြစ်ပြီး မွေးလာတဲ့ကလေးကိုလည်း လှည့်ဂရုစိုက်ချိန်မရှိဘူး ရလဒ်အနေနဲ့ ဆေးရုံကနာ့စ်က အမှားလုပ်မိခဲ့တာလေ ကံကောင်းလို့ ထပ်အမှားကြီးမမှားတော့ဘဲ ကျစ်စန်းက အဖြစ်မှန် ရှာတွေ့မိလို့ပေါ့"
"ကျစ်ယွမ်း ငါတို့ဦးကြီးတစ်တွေက မင်းကို တခြားအတွေးတွေးတာတော့မဟုတ်ပါဘူး" - နောက်ထပ် ဦးလေးတစ်ယောက်က ဆက်ပြောလေသည်။
"ဒါပေမယ့် မင်းက တကယ်ပဲ ငါတို့မိသားစုရဲ့ကလေး မဟုတ်နေဘူး ဒါကို အခွင့်ကောင်းယူပြီး ဒီလောက်နှစ်တွေအများကြီး မင်း ဒီအိမ်မှာနေလာပြီးပြီ အကြီးဆုံးအစ်ကိုက မင်း အများကြီးတွေးနေမှာ စိတ်ပူပြီး အစကတော့ ဒီအဖြစ်ကို မဖော်ထုတ်ချင်ခဲ့ပါဘူး မင်းမှာ နည်းနည်းသိတတ်စိတ်လေးများရှိရင် မင်းနဲ့မသက်ဆိုင်တဲ့အရာတွေကို မတောင်းဆိုသင့်တော့ဘူး""တော်လောက်ပြီ မင်းတို့အားလုံး၊ ထပ်မပြောနဲ့တော့" စန်းရှန့်လီက တင်းမာစွာ ဆူပူလိုက်လေပြီး : "ဒါတွေ မင်းတို့နဲ့ မဆိုင်ပါဘူး ငါ့မိသားစုကိစ္စပါ"
နှမဖြစ်သူက ချဉ်တူးစွာနှင့် ဆက်ပြောလေသည် : "ကျွန်မတို့က ကျစ်စန်း၊ စုန့်စုန့်နဲ့ ဖေးဖေးတို့အတွက် ပြောနေရတာပါ အစ်ကိုကြီးရဲ့ ပြီးတော့ သွေးသားတော်စပ်တဲ့ သားအရင်းကိုလည်း ထည့်တွေးပါဦး နဂိုကတည်းက ကိုယ်စံစားရမယ့်အရာတွေကို တစ်ခြားလူက ယူသွားတယ် အခု အဲ့ကလေးက ဘယ်လိုလူမျိုးလဲတောင်မသိသေးဘူး ကလေးက သနားဖို့မကောင်းဘူးလား"
"နင်းကျယ်က AIကွန်ပြူတာရုပ်သွင်ရေးဆွဲရေးကို အထူးပြုပြီး ပီကင်းတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ယူဖို့ လေ့လာနေတာပါ အနာဂတ်မှာ စန်အန်းကို ဝင်နိုင်ပြီး အဖေကလည်း သူနဲ့ထိုက်တန်တာကို ပေးပါလိမ့်မယ်"
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်" 《同坠》Falling Together by 白芥子 76 Chapters