Chapter - 24

510 100 11
                                    











                   《Unicode》

ကျွန်တော်က အဖြောင့်

နှုတ်ခမ်းပါးတို့ထိစပ်သွားပြီးနောက်တွင် အနည်းငယ် ခြောက်သွေ့သွေ့နိုင်သောအထိအတွေ့က ရစ်ဝဲနေလေ၏။ နင်ကျစ်ယွမ်မှာ မလှုပ်မယှက်ရှိနေလေပြီး ချက်ချင်းမဖယ်ခွါသွားခဲ့ပေ။ မျက်လုံးအစုံက ပွင့်လျက်သားရှိနေကာ စန်ကျစ်စန်းထံ မတုန်မလှုပ်ကြည့်နေခဲ့လေရာ နှစ်ဦးသား၏အကြည့်တို့မှာ နီးစပ်သောအကွာအဝေးကြား ယှက်နွယ်လို့နေပေတော့၏။

နင်ကျစ်ယွမ်၏မျက်နှာမှာ စန်ကျစ်စန်း၏ နက်မှောင်သောသူငယ်အိမ်ထက် ရောင်ပြန်ဟပ်လို့နေကာ တည်ငြိမ်လွန်းနေသည့်ဟန်ပေါ်နေသည်မှာ လူအား တမင်တကာဆွပေးနေသည့်နှယ်။

အနမ်းတစ်ပွင့်ကို သုံးပြီး သူ့ကို လာဆွနေတယ်ပေါ့လေ။

ထိုအတွေးက စန်ကျစ်စန်း၏စိတ်ထဲ ဖြတ်ဝင်လို့လာပြီး အကြည့်တို့က ပိုနက်ရှိုင်းသွားကာ နင်ကျစ်ယွမ်၏ကျောပြင်အား ထိတွေ့ရန် လက်တစ်ဖက်ကိုမြှောက်လိုက်လေသည်။

နင်ကျစ်ယွမ်မှာ မလှုပ်မယှက်ပင် ဆက်ရှိနေလေပြီး မျက်တောင်ဖျားတို့က အနည်းငယ်ညွှတ်ကျလို့နေကာ နှုတ်ခမ်းဖျားတို့က စန်ကျစ်စန်း၏နှုတ်ခမ်းနှင့် ခပ်ဖြည်းဖြည်းပွတ်တိုက်နေပြီး ထိုအခိုက်အတန့်ထဲဝယ် နစ်မျောနေသည်နှယ်။

စန်ကျစ်စန်း၏အကြည့်တို့က နင်ကျစ်ယွမ်၏မျက်ခုံးနှင့်မျက်လုံးတို့ကြား လူးလာကူးသန်းလို့နေလေသည်။ နွေးထွေး၍ မသဲမကွဲရှိလှသော လမ်းမီးတိုင်မှ နင်ကျစ်ယွမ်၏မျက်ခုံးတို့ထက် နုထွေးသောအလင်းစစကျနေစေပြီး မျက်လုံးထောင့်စွန်းတို့မှာ အနည်းငယ်ပင့်တက်လို့နေကာ ချိတ်(ဂျိတ်)ကလေးတစ်ခုနှယ် မချင့်မရဲဖြစ်လှစရာ၊ မငြင်းဆန်နိုင်လှစရာ။

မလုံလောက်သေးပါ။

စန်ကျစ်စန်း နှုတ်ခမ်းတို့ကို ဖွင့်ဟလိုက်ကာ နင်ကျစ်ယွမ်၏နှုတ်ခမ်းထိပ်ဖျားတို့အား လိုက်လံဖမ်းဆုပ်ရင်း ခပ်ဖွဖွလျက်လိုက်လေသည်။

နင်ကျစ်ယွမ်မှာ မတုန်မလှုပ်ရှိနေဆဲဖြစ်ပြီး အိတ်ထောင်ထဲလက်ထည့်ထားလျက်နှင့် အေးအေးလူလူကိုယ်ဟန်ကို ထိန်းသိမ်းထားဆဲ။ ထိုအခိုက်အတန့်တွင် နင်ကျစ်ယွမ် စန်ကျစ်စန်းအား ဖြတ်ခနဲကြည့်လာသည့်နှယ်၊ တစ်စုံတစ်ရာသောစိတ်ခံစားချက်တို့က သူ့မျက်လုံးအိမ်ထဲဝယ် စုပုံလို့လာကာ — အမြင်အားဖြင့် မတုန်မလှုပ်ရှိနေသော်လည်း ဖုံးကွယ်ထားသော ခလောက်ဆန်နေသည့် လှိုင်းလုံးများ ရှိနေလျက်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now