အသိုက်နားက မြက်ကို စားခြင်း
《Unicode》
တစ်ပတ်ကြာပြီးနောက်။
အိမ်ထောင်စုမှတ်ပုံတင်ရုံးမှထွက်လာသော စန်ကျစ်ယွမ်သည် သူ့အထောက်အထားအသစ်၏ စာရွက်စာတမ်းများအား ချောမွေ့စွာ ရရှိခဲ့ပြီဖြစ်သည်။ လျင်မြန်သော လုပ်ထုံးလုပ်နည်းများမှာ အဆင်ပြေပြေ ပြီးစီးခဲ့ပြီး သူ၏နာမည်မှာ အခုတော့ နင်ကျစ်ယွမ် ဖြစ်သွားလေပြီ။
စီးကရက်သောက်ရင်း လမ်းဘေးမှာ ခဏလောက်ရပ်နေခဲ့ပြီး ကားထဲဝင်ဖို့ပြင်စဉ်တွင် အနောက်မှ တစ်ယောက်ယောက်၏ ခေါ်သံကို ကြားလိုက်လေသည်။
လှည့်ကြည့်လိုက်ရာ သူ့ကားနောက်တွင် ထိုးထားသော ပန်းရောင်Bentleyတစ်စီးအား မြင်လိုက်ရလေသည်။ မိန်းကလေးတစ်ယောက်၏ခေါင်းက ကားမောင်းသူခုံမှ ထွက်လာပြီး : "စန်ကျစ်ယွမ် တကယ်ကြီး နင်ဖြစ်နေတာပဲ အထဲဝင်လေ"
မိနစ်နှစ်ဆယ်လောက်ကြာတော့ နင်ကျစ်ယွမ်နှင့် မိန်းကလေးမှာ လမ်းဘေးက ကဖေးတစ်ခုတွင် ထိုင်နေကြလေသည်။ မိန်းကလေးမှာ သူ(မ)၏ လောလောလတ်လတ် ဆိုးထားသော လက်သည်းရှည်တို့နှင့် ဆော့ကစားနေပြီး စားပွဲတစ်ဖက်စီက နင်ကျစ်ယွမ်အား အသစ်ရှာဖွေတွေ့ရှိထားသော တိုက်ကြီးတစ်တိုက်လိုပင် လေ့လာကြည့်ရှုနေပြီး ပြောလေသည်။
"ဘယ်လိုဖြစ်ပြီး ငါနိုင်ငံခြားရောက်နေတဲ့ ဒီနှစ်လလေးကို ပြန်လာတာနဲ့ နင့်မိသားစုရဲ့ အပြောင်းအလဲကြီးကို ကြားလိုက်ရတာလဲ တကယ်ကြီး နင် စန်မိသားစုဆီကနေ ကန်ထုတ်ခံလိုက်ရတာလား?"
နင်ကျစ်ယွမ် ပျင်းရိစွာပင် ဆိုဖာခုံအား မှီချလိုက်လေသည်။ "ကန်ထုတ်မခံရပါဘူး ငါ့ဟာငါ မျိုးရိုးနာမည်ကို ပြောင်းလိုက်တာ"
မိန်းကလေးမှာ "အာ"ဟုရွေရွတ်လာပြီး စနောက်နေသောအမူအရာတို့ ပျောက်ကွယ်သွားလေသည် : "အဲ့ဒါ အမှန်ပဲလား"
နင်ကျစ်ယွမ် ကော်ဖီခွက်ကို ကောက်မ,လိုက်ပြီး တစ်ငုံသောက်လိုက်လေသည်။
ထိုမိန်းကလေး၏နာမည်မှာ ထန်ရှစ်ချီဖြစ်ပြီး နင်ကျစ်ယွမ်နှင့် ကလေးဘဝကတည်းက သိကျွမ်းလာတာဖြစ်လေသည်။ နှစ်ဦးသားမှာ ငယ်ကျွမ်းဆွေများဟုပင်ပြောလို့ရပြီး သေးခံဝတ်သည့်အရွယ်လေးကတည်းက တွေ့ခဲ့ကြတာပင်။ မူလတန်းကျောင်းသားဘဝတွင် သူတို့၏ 'ဆက်ဆံရေး'မှာ ကလေးသဘာဝဆော့ကစားခြင်းမျိုးသာဖြစ်ပြီး သမီးရည်စားလုပ်တမ်း ကစားခဲ့ကြခြင်းဖြစ်သည်။ သို့သော်ငြား စပ်စုတတ်လွန်းသောအစ်ကိုကြီးသဖွယ် စန်ကျစ်စန်းက ထိုကိစ္စအားရှာတွေ့သွားပြီး ထန်ရှစ်ချီ၏အစ်ကိုအား တိုင်လိုက်ရာမှ ဆုံးခန်းတိုင်သွားခဲ့ခြင်းဖြစ်သည်။ မိသားစုနှစ်စုလုံးက သိသွားကြပြီး သူတို့၏ကလေးဘဝအချစ်ရေးမှာ အပြီးသတ်သွားလေသည်။
![](https://img.wattpad.com/cover/370759505-288-k899742.jpg)
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်"