Chapter - 22

532 98 9
                                    











《Unicode》

ချစ်မှုရေးရာ ကြွေးမြီဟောင်း

စန်ကျစ်စန်းမှ "ကောင်းပြီ"ဟုပြောအပြီးမှာပင် အိမ်တော်ထိန်းက ထွက်လာပြီး စန်ရှန့်လီမှ စာကြည့်ခန်းသို့ အခေါ်ရှိကြောင်းပြောလာလေသည်။

မတတ်သာစွာပင် နင်ကျစ်ယွမ်ကိုသာ တစ်အောင့်လောက် စောင့်ပေးရန် မှာထားခဲ့ရတော့၏။

အမှန်တွင် ဤအိမ်၌ ကားအမြောက်အမြားရှိရုံမက မိသားစုကားမောင်းသမားအား မောင်းပို့ပေးခိုင်းနိုင်စေကာမူ သူနှင့် နင်ကျစ်ယွမ် နှစ်ဦးသားမှာ ထိုအချက်အား တမင်တကာပင် မသိချင်ယောင်ဆောင်ထားလိုက်ကြပြီး ထည့်မပြောခဲ့ကြပေ။

နင်ကျစ်ယွမ် ခွန်းတုံ့ပြန်၍သာ ခေါင်းညိတ်ပြလိုက်လေ၏။

စန်ကျစ်စန်း ဝင်သွားသောအခါ နင်ကျစ်ယွမ် ဥယျာဉ်ထဲတွင် တစ်အောင့်မျှရပ်ကျန်နေခဲ့လိုက်ပြီး ဒုတိယဦးလေးကလည်း အပြင်ထွက်လာသည်နှင့် ကြုံလေသည်။

ဒုတိယဦးလေးမှာ သူ့အား ရွံရှာစွာပင် ကြည့်လာပြီး ငွေမချေးနိုင်ခဲ့သောကြောင့် စိတ်ပျက်နေခဲ့ပုံပေ။ နင်ကျစ်ယွမ်၊ အနှီ"တရားမဝင်ကလေး"မှာ ဘီလီယံနှစ်ဆယ်လောက်အား အသာလေးပင် ရနိုင်သော်လည်း မရယူဖို့သာရွေးချယ်ခဲ့သည်က ဤဦးလေးအား မခံချိမခံသာဖြစ်စေပါ၏။

အဖက်မတန်သည့်နှယ် နှာမှုတ်သံတစ်ချက်ပြုပြီးနောက်တွင် ထိုလူကား လျှောက်ထွက်သွားလေတော့သည်။

ဘာမဆိုင်၊ညာမဆိုင် အစွပ်စွဲခံဖြစ်သွားရရှာသည့် နင်ကျစ်ယွမ်မှာ ၄င်းအား ရယ်ရွှင်ဖွယ်ရာတစ်ခုနှယ် မြင်မိရတော့၏။

နွမ်းလျစွာပင် မှန်တံခါးဆီ ပြန်သွားလိုက်ပြီးနောက် ရပ်လိုက်ပြီး နံရံတွင် မှီတွယ်လိုက်ကာ အနားပေးရန် မျက်လုံးကို မှိတ်ထားလိုက်လေသည်။

ဘယ်ဘက်တွင်က စန်ရှန့်လီ၏စာကြည့်ခန်းဖြစ်ပြီး စကားပြောသံများက ရံဖန်ရံခါ လွင့်ပျံလို့လာသည်။

စန်ရှန့်လီက စန်အန်း၏နာမည်ကို သုံး၍ ဒုတိယဦးလေး၏ကုမ္ပဏီမှပိုင်ဆိုင်မှုများကို ဝယ်လိုက်ပြီး၊ ပြီးမှ ပြန်လည်ပတ်ဖို့ရာ နည်းလမ်းရှာဖို့ရန်အစီအစဉ်အား အဆိုပြုလာသည်။ စန်ကျစ်စန်းကို ၎င်းအား အကောင်အထည်ဖော်နိုင်၊မဖော်နိုင် မေးလာတာဖြစ်သည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now