Chapter - 9

726 136 6
                                    







မူးပြီးနောက် ထွက်အံလာသော အမှန်တရားများ

《Unicode》

ဝင်လေထွက်လေတို့က ရောယှက်နေပြီး စန်ကျစ်စန်း၏ အနည်းငယ်အောသောအသံက နင်ကျစ်ယွမ်၏နားတစ်ဝိုက် တိုးဝှေ့နေပေသည်။

သူ့ရယ်သံမှတစ်ဆင့် နင်ကျစ်ယွမ်သည် အနက်မသဲကွဲသောဆိုလိုရင်းအား အာရုံခံမိနေလေ၏။ မိန်းမောတွေဝေနေခိုက် စန်ကျစ်စန်းက လက်ကိုမြှောက်လိုက်ပြီး နင်ကျစ်ယွမ်လည်ဂုတ်မှ တစ်နေရာအား ဆုပ်နယ်ပေးလာသည်။ လှုပ်ရှားမှုက လျှပ်တစ်ပြက်နိုင်လွန်းပြီး လက်ကို ရုတ်လိုက်သည်နှင့် မျက်နှာပေါ်မှ မြူးထူးနေသောအပြုံးက ပျောက်ကွယ်သွားပြီး ခြေလှမ်းကို နောက်ဆုတ်လိုက်လေသည်။

"ဒီမှာပဲ ရပ်မနေနဲ့ သွားရအောင်"

တည်ကြည်သောအမူအရာနှင့် ကိန်းကြီးခန်းကြီးနိုင်သောလေသံတို့အား ပေါင်းလိုက်သည်နှင့် နင်ကျစ်ယွမ်နှင့်ရင်းနှီးသော စန်ကျစ်စန်းပြန်ပေါ်လာလေသည်။ ခုနလေးတင်က ရယ်သံနှင့် အနည်းငယ်ဒွိဟဖြစ်ဖွယ်အမူအရာတို့သည် နင်ကျစ်ယွမ်၏ အရက်မူးရာမှဖြစ်လာသော ထင်ယောင်ထင်မှားတစ်ခုသက်သက်နှယ်။

နင်ကျစ်ယွမ် ခေါင်းကို ခါယမ်းလိုက်ပြီး မတ်မတ်ရပ်လိုက်ကာ သူ့နောက်ကနေ ကလပ်အပြင်သို့ ထွက်ခဲ့လိုက်လေသည်။

ကားမောင်းသူက ကားအား လမ်းဘေးသို့ ချရပ်လာပြီး နှစ်ဦးသား ကားအနောက်ခုံသို့ ဝင်ထိုင်လိုက်ကြလေသည်။

နင်ကျစ်ယွမ် အမှန်ပင် နေရထိုင်ရခက်နေလေသည်။ ကားထဲဝင်ပြီးနောက် လိပ်စာအားပြောပြီးသည်နှင့် ကားနောက်မှီကို မှီလိုက်ကာ မျက်လုံးများမှိတ်ထားလိုက်လေသည်။ သို့သော်ငြား မျက်မှောင်တို့ကမူ ကြုံ့နေမိလျက်သား; အယ်လ်ကိုဟောက သူ့ဦးနှောက်အား ပူလောင်နေစေပြီး မရပ်မနား တဝီဝီမြည်နေလေသည်။

ရုတ်တရက် ဘေးကလူက ပြောလာလေသည် : "လက်ဆန့်လိုက်"

နင်ကျစ်ယွမ်မှာ မူးနောက်နောက်ဖြစ်နေပြီး မျက်ခွံတို့က အနည်းငယ်သာ လှုပ်ခတ်လာပြီး မျက်လုံးအား မနည်းပင် ဖွင့်လိုက်ရလေသည်။ သူ၏ရီဝေနေသော အမြင်အာရုံတွင် စန်ကျစ်စန်း၏အကြည့်တို့နှင့် သွားဆုံလေသည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now