{T/n: ပထမဆုံး တောင်းပန်ချင်တာလေး ရှိပါတယ်။ အရှေ့ပိုင်းတွေမှာ 'စန်'ကို 'စန်း'လို့သုံးခဲ့မိတာလေးပေါ့နော် အခုမှ နောက်တစ်ခေါက်သေချာနားထောင်ကြည့်လိုက်တော့ စန်နဲ့ပိုနီးစပ်နေတာမို့ အခုအပိုင်းကစပြီး စန်အနေနဲ့ပဲသုံးပါမယ် အဲ့ဒီလိုပဲ 'နင်း'ကိုလည်း 'နင်'လို့ပဲ ပြင်ထားပါတယ်ရှင် အမှားပါရင် လာပြောနိုင်ပါတယ်}မျိုုးရိုးနာမည်ပြောင်းရန် ဆုံးဖြတ်ခြင်း
Unicode
ကုမ္ပဏီမှ ထွက်လာပြီးနောက် စန်ကျစ်ယွမ် ပစ္စည်းများချရန် အိမ်ကိုပြန်လာလိုက်ပြီးမှ စန်မိသားစုစံအိမ်ထံ မောင်းထွက်လာလေသည်။
စန်မိသားစုဗီလာထံရောက်ချိန်မှာ ညနေ၇နာရီထိုးခါနီးပြီဖြစ်၏။ အိမ်တော်ထိန်းက သူ့ကို ကြိုဆိုလိုက်ပြီး စန်ကျစ်ယွမ်မှာ စန်ရှန့်လီအပေါ်ထပ်မှာရှိနေတာ သေချာအတည်ပြုပြီးမှ တန်းတက်သွားလေသည်။
လှေကားကိုရောက်သော် မီးပန်းလိုပင် သွက်လက်လွန်းလှသော ကလေးတစ်ယောက်က ရုတ်တရက်ပြေးဆင်းလာကာ သူ့ထံ ဝင်ဆောင့်လေသည်။
စန်ကျစ်ယွမ် အေးဆေးစွာနှင့် ဘေးကိုဖယ်၍ တိုက်မိခြင်းကို ရှောင်လိုက်လေ၏။
ဝဖိုင့်သောကောင်လေးမှာ မြေပြင်ပေါ်လဲကျသွားပြီး ကျယ်လောင်စွာ ငိုကြွေးလာလေသည်။ သူ့နောက်မှနေ၍ ကလေးမလေးတစ်ယောက်နှင့် အိမ်တော်ထိန်းမှာ မြန်ဆန်စွာ ချဉ်းကပ်လာပြီး ကောင်လေးအား ဘေးနှစ်ဖက်မှ မ,ထူလိုက်လေသည်။
စန်ကျစ်ယွမ်မှာ အပေါ်ထပ်သို့ ထပ်တက်ရန်ပြင်လိုက်စဉ် ကောင်လေးမှ ဒေါသပုန်ထစွာ အော်ဟစ်လာလေသည် : "ခင်ဗျား ကျွန်တော့်ကို သက်သက်လဲအောင် လုပ်တာ လူဆိုးကြီး! မျိုးမစစ်တဲ့လူ! ဝူး..."
စန်ကျစ်ယွမ် သူ့ထံ ကြည့်လာပြီး ကလေးမလေးက ထိတ်လန့်စွာနှင့် ကောင်ကလေးပါးစပ်အား လှမ်းပိတ်လိုက်လေသည်။ ကြည့်ရသည်မှာ အနှီကောင်ကလေးသည် ကျေနပ်သေးပုံမရဘဲ စန်ကျစ်ယွမ်အား စိတ်ဆိုးမာန်ဆိုးနှင့် စူးစိုက်ကြည့်နေလေသည်။
ထိုကလေးနှစ်ယောက်မှာ ရှုလန်၏ကလေးများဖြစ်သည်။ ကောင်ကလေးမှာ စန်စုန့်ဖြစ်ပြီး ကောင်မလေးမှာ စန်ဖေးဟုခေါ်တွင်ကာ ငါးနှစ်နှင့် ခုနစ်နှစ် အသီးသီးဖြစ်ကြလေသည်။
YOU ARE READING
သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】
Romance"ကိုယ်တို့ရဲ့ အလောင်းအစားက အကျုံးဝင်သေးရဲ့လား" . . "ဆိုတော့ .. ကိုယ်နိုင်သွားလား" "ခင်ဗျားက အနိုင်အရှုံးကို သိပ်ဂရုစိုက်နေတယ်ပေါ့လေ" "ဒီလောင်းကစားမှာတော့ အင်း .. အဟုတ်ပဲ" "ဂုဏ်ပြုပါတယ် ခင်ဗျားနိုင်တယ်" 《同坠》Falling Together by 白芥子 76 Chapters