Chapter - 13

713 129 5
                                    










                    《Unicode》

ဆက်နေပါ

နင်ကျစ်ယွမ်မျက်လုံးထဲတွင် စန်ကျစ်စန်းပြောလိုက်သည်များကို နားမလည်လိုက်သလိုပင် ဇဝေဇဝါဖြစ်နေဟန်ရ၏။

"တစ်ကိုယ်တော်လုပ်ဖို့" : စန်ကျစ်စန်း ထပ်ပြောလာသည် : "မင်းပဲ တခြားလူတွေအတွက် အလုပ်မလုပ်ချင်တာမလား ပြည်ပကိုထွက်တာကလည်း တစ်ယောက်ယောက်အတွက် အလုပ်လုပ်ပေးရဦးမှာပဲလေ မင်းဘာသာမင်း အလုပ်လုပ်တာ ပိုကောင်းမှာပေါ့; သူများတွေလုပ်နိုင်ရင် မင်းလည်းလုပ်နိုင်တယ်"

နင်ကျစ်ယွမ်၏ အအေးဘူးပေါ် ဆုပ်ကိုင်ထားခြင်းက အနည်းငယ် တင်းကျပ်သွားပြီး ခဏလောက် တွေးတောလိုက်လေသည် : "ကျွန်တော့်မှာ အရင်းအနှီးမရှိဘူးလေ ကျွန်တော့်အိတ်ထောင်ထဲကငွေကို ရေထဲပစ်ထည့်လိုက်ရင်တောင် အသံမြည်မှာမဟုတ်ဘူး"

"မင်းမှာ ဦးနှောက်ရှိနေသရွေ့ပေါ့" : စန်ကျစ်စန်းက သတိပေးလာသည် : "ခေါင်းကောင်းတာက ရွှေစတစ်ထောင်တန်တယ်လေ"

နင်ကျစ်ယွမ် သူ့ရဲ့တင်စားမှုကြောင့် ထရယ်လေသည် : "ကျွန်တော့်ကို အထင်ကြီးပေးလို့ Mr.စန်ကို ကျေးဇူးတင်ပါရဲ့ဗျာ"

"ကိုယ် အတည်ပြောနေတာ" : စန်ကျစ်စန်း စိတ်ရင်းအတိုင်း ပြောလာသည် : "မင်းရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ထိုးထွင်းမြင်နိုင်စွမ်းက တိကျတယ် မင်းမှာ အရင်းအနှီးမရှိရင် ကိုယ် ကူညီပေးလို့ရတယ် ဒါမှမဟုတ် ကိုယ်တိုင် ငွေထည့်ဝင်ပေးလို့ရတယ် မင်းက ကိုယ့်အတွက် ပိုက်ဆံရှာပေးဖို့ကိုပဲ အာရုံစိုက်"

နင်ကျစ်ယွမ် သိလိုစိတ်ပြင်းပြစွာပင် မေးလိုက်လေသည် : "အဲ့ဒါကျတော့ရော ခင်ဗျားအတွက် အလုပ်လုပ်ပေးတာပဲ ဖြစ်မနေဘူးလား ပြီးတော့ ခင်ဗျားက ငွေလိုနေတာလည်းမဟုတ်ဘူး ငွေရှာဖို့ ကျွန်တော့်အကူအညီလိုသေးတာလား"

"မတူဘူးလေ" : စန်ကျစ်စန်း ဗြောင်ပင်ပြောလိုက်လေသည် : "ကိုယ်ရဲ့တည်ရှိမှုက မင်းကို ချုပ်တည်းထားသလိုဖြစ်စေလို့ စန်အန်းကနေ ထွက်ခဲ့တာမလား မင်းကို ရင်နှီးမြှုပ်နှံဖို့ ငွေပေးမယ် ကိုယ်က မင်းရဲ့ ရင်းနှီးမြှုပ်နှံသူသက်သက်ပဲ မင်းရဲ့ဘယ်ဆုံးဖြတ်ချက်တွေကိုမှ ဝင်စွက်ဖက်မှာမဟုတ်ဘူး ကိုယ်က LPဖြစ်နေပြီး မင်းက GPဖြစ်နေမှာပဲ အဲ့လိုဆို ရပြီမလား"

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now