Chapter - 21

670 107 17
                                    











《Unicode》

လျှို့ဝှက်ချက်


နင်ကျစ်ယွမ်ထံမှ ထပ်မံ စနောက်ခံလိုက်ရကြောင်း သဘောပေါက်သွားပြီးနောက်တွင် စန်ကျစ်စန်း၏မျက်ခုံးတို့က တွန့်ချိုးသွားလေသည်။

နင်ကျစ်ယွမ် ခပ်ဖွဖွရယ်လိုက်ကာ : "ကျစ်ယွမ် .. မဆိုးပါဘူး"

"ကျစ်ယွမ်" : စန်ကျစ်စန်းမှ သူ့အား အခေါ်ရှိလာသည်။

"ဟင်?"

စန်ကျစ်စန်း သူ့မျက်လုံးများထံ စိုက်ကြည့်လာသည်။ အဝါဖျော့ဖျော့ဝတ်မှုန်မွှားလေးများက သူ၏မျက်တောင်ဖျားတွင် ကပ်ငြိလို့နေကာ နေရောင်ကျသောဘက်သို့ ခေါင်းလှည့်လိုက်ကာမှ မြင်နိုင်တာဖြစ်၏။ အပြင်တွင် အိုးစိုက်ပင်နဘေးထိုင်ရင်း မုန့်စားသည့်အချိန်က ကပ်ပါလာတာဖြစ်နိုင်ပြီး ၎င်းက ညက်နေသော မျက်လုံးကာခြယ်တစ်လွှာအုပ်ထားသည့်နှယ်ပင်။

"မျက်လုံးတွေ" : စန်ကျစ်စန်း သူ့အား သတိပေးလိုက်သည်။

နင်ကျစ်ယွမ် ပဟေဠိဖြစ်သွားရလျက် : "ဘာကြီး?"

စန်ကျစ်စန်း၏လက်ချောင်းများက ခပ်ဖြည်းဖြည်းနှင့် စည်းချက်တကျ သူ့မျက်လုံးစွန်တစ်ဝိုက် ထိခတ်လို့သွားသည်အား ခံစားမိနေရင်း နင်ကျစ်ယွမ် နေရာမှ မလှုပ်ခဲ့ပေ။ အနည်းငယ်ယားကျိကျိနှင့် နင်ကျစ်ယွမ် မျက်လုံးအား ပင့်ကြည့်လိုက်မိရကာ သိမ်မွေ့ကာမသိသာသော စန်ကျစ်စန်း၏မျက်နှာအမူအရာပြောင်းလဲမှုအလုံးစုံအား ဖမ်းမိသွားခဲ့လေသည်။

သူ၏အာရုံကို ဖမ်းစားနိုင်သော ရှားပါးရတနာအား တစိမ့်စိမ့်အရသာခံနေရင်း မြူးထူးနေဟန်၊ အာရုံစူးစိုက်နေဟန်။

သူသည်ကား စန်ကျစ်စန်း တစိမ့်စိမ့်အရသာခံကာ ရှုစားချင်နေခဲ့သော
အရာဝတ္ထုတစ်ခုနှယ်၊

သို့တည်းမဟုတ် ဖြစ်နိုင်သည်မှာ —

သားကောင်တစ်ကောင်နှယ်။

စန်ကျစ်စန်း လက်ကို ရုတ်လိုက်ကာ : "မင်းပေါ်မှာ ပန်းဝတ်မှုန်ရှိနေတာ အခုမရှိတော့ဘူး"

မည်သည်ကိုမျှ သတိမထားမိလိုက်သည့်နှယ် နင်ကျစ်ယွမ်သည် လက်ပတ်နာရီအား ငုံ့ကြည့်လိုက်ကာ : "အလုပ်ဆင်းချိန်တောင်ရောက်ပြီပဲ၊ ကျွန်တော်က အိမ်ပြန်ပြီး အဖေ့ဆီသွားလည်ဖို့လုပ်ထားတာ၊ လိုက်ခဲ့ဦးမလား"

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now