🩶 04

213 40 16
                                    




"ဆိုတော့...ငါတို့နဲ့မတွေ့ဖြစ်တဲ့ ၂လအတွင်းမှာ မင်းနဲ့ဆော့ဂျင်က ငြိမ်းချမ်းရေးယူလိုက်ကြပြီပေါ့"

"အင်းးး"

Eunwoo နဲ့ Mingyu က ဂျောင်ကုရဲ့ရုံးခန်းကိုအလည်ရောက်လာကြသည်။ သူတို့လဲ သူတို့မိဘတွေရဲ့လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်လို့ အားလပ်ချိန်သိပ်မရှိပေမယ့်... အချိန်ရရင်ရသလို သုံးယောက်သားတွေ့ဖြစ်ကြ၏။

"ငါ့မှာ သူနဲ့အဆင်ပြေဖို့ . သူတို့ကျောင်းကိုနေ့တိုင်း ချောင်းပေါက်မတတ်သွားပြီး အောက်ကျို့လိုက်ရတာကွာ...။ ငါ့ရဲ့ကြိုးစားပုံတွေကို မင်းတို့သာမြင်ရင် . ဂုဏ်ပြုလက်မှတ်တွေဘာတွေတောင် ပေးချင်သွားကြမှာကျိန်းသေတယ်"

"အဲ့လောက်တောင်ပဲလား..."

"အဲ့ဒီထက်တောင်ပိုဦးမယ် . ငါ့ရဲ့ဆော့ဂျင်က တကယ့်အကြောတင်းလေး။ ဒါပေမယ့်. အဲ့ဒါလေးကပဲ တကယ်ချစ်ဖို့ကောင်းတာ"

"ငါ့ရဲ့ ဆော့ဂျင်တဲ့' သူ့အပိုင်ကျနေတာပဲ .. ဟားးဟားး"

"မင်းတို့စောင့်ကြည့်ထား . တစ်နေ့ကျရင် ဆော့ဂျင်က ငါ့အပိုင်ဖြစ်လာစေရမယ်"

"အေးပါကွာ . တကယ်ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်"

"နောက်ဆိုရင် မင်းတို့နဲ့တွေ့ချိန်တောင်ရမယ်မထင်တော့ဘူး"

"ဘာလို့လဲ"

"အခုချိန်ကစပြီး ငါ့ရဲ့အားလပ်ချိန်တွေက ဆော့ဂျင်အတွက်ဖြစ်သွားပြီလေ။ တစ်ခုတော့ရှိတယ် . ငါအားတဲ့အချိန်မှာ သူ့ဘက်ကငါနဲ့တွေ့ဖို့အဆင်မပြေဘူးဆိုရင်တော့ .. အဲ့လိုအချိန်မျိုးမှာ မင်းတို့ ငါနဲ့တွေ့လို့ရတယ်"

"ပြောချင်တာက ငါတို့ကမင်းအတွက် ဒုတိယဦးစားပေးပေါ့လေ ဟုတ်လား...ကျေးဇူးတင်စရာပဲ"

"သူ့ဘက်. ငါ့ဘက်အားတဲ့အချိန်ဆိုပေမယ့်. အဲ့လိုအချိန်ရရင်ရသလောက် ဆော့ဂျင်ရဲ့အချိန်တွေကို ငါ့ဘက်ကအပိုင်စီးထားမှ သူ့ရဲ့ရည်းစားထားချိန်တွေကလျော့သွားမှာလေ"

"ဟုတ်ပါပြီ. ဥာဏ်ကောင်းလှပါပေတယ် ဂျွန်ဂျောင်ကုရယ်..."

"မင်းဘယ်လိုဆက်လုပ်မယ်စဉ်းစားထားလဲ ဂျောင်ကု... ဟိုက playboy နော်. မင်းကအတွေ့ကြုံရှိတာလဲမဟုတ်ဘူး. မင်းအတွက်ရင်လေးတယ်"

I'm Yours (Soy Tuyo)Nơi câu chuyện tồn tại. Hãy khám phá bây giờ