ဒီနေ့က ဂျောင်ကုနဲ့သူ့ရဲ့ Wedding ကျင်းပသည့်နေ့ရက်ဖြစ်သည်။ နောက်ဆုံးမှာတော့...သူ့ရဲ့အသုံးမကျမှုကြောင့် မိသားစုတွေရဲ့ဂုဏ်သိက္ခာတွေထပ်ပြီးကျဆင်းစရာမဖြစ်ရလေအောင် တာဝန်ယူလိုက်ရသည်။အဓိကအားဖြင့် ... တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ မေမေ့ရဲ့သားတစ်ယောက်အနေနဲ့ မိခင်ဖြစ်သူဂုဏ်ငယ်ရမှာကို စိုးရိမ်မိတာကြောင့်ဖြစ်သည်။
ဂျီမင်တို့ပြန်ပြောပြတာက . အဲ့ဒီညက သူ့မျက်စိရှေ့မှာရှိတဲ့သူမှန်သမျှရဲ့လက်အားလိုက်ဆွဲပြီး...'ဂျောင်ကု ah! ငါ့ကိုစိတ်ဆိုးနေတာလား'...ဆိုပြီး လိုက်မေးနေတာကြောင့် . ဂျောင်ကုဆီသို့ဖုန်းဆက်လှမ်းခေါ်ပြီး သူ့အားလာခေါ်ခိုင်းလိုက်တာဖြစ်သတဲ့..။
အမူးလွန်နေတာကြောင့် အိမ်ပြန်ပို့ရင် လူကြီးတွေစိတ်ဆိုးမှာစိုးတာကြောင့် ဂျောင်ကုနေတဲ့ဟိုတယ်ကိုပဲ ခေါ်သွားစေခဲ့တာတဲ့။ သိပ်ကောင်းတဲ့သူငယ်ချင်းတွေ . သူ့အား အိမ်ထောင်မြန်မြန်ကျအောင်လုပ်ပေးလိုက်သလိုပင်။
နှစ်ဖက်စလုံးက အသိုင်းအဝိုင်းကြီးတွေဖြစ်ကြတာမို့ မင်္ဂလာပွဲကတော်တော်လေးစည်ကားသည်။ ဂျောင်ကုကတော့အတော်ပျော်နေပုံရပြီး . သူကတော့ ဧည့်သည်တွေအား တာဝန်အရအပြုံးတစ်ခုကိုနှုတ်ခမ်းမှာတပ်ဆင်ပြီးဧည့်ခံရတာ အတော်လေးပင်ပန်းလှပါသည်။