နေမကောင်းခင်ကရော နေပြန်ကောင်းပြီးနောက်ပိုင်းမှာရော . ဂျောင်ကုက ဆော့ဂျင်အား နမ်းရဖို့အခွင့်အရေးကို အမြဲစောင့်စားနေတတ်သည်။ အိပ်ယာကနိုးတာနဲ့ ဆော့ဂျင်က မျက်လုံးမဖွင့်ရသေးဘူး ဆော့ဂျင်ရဲ့နှုတ်ခမ်းက ဂျောင်ကုရဲ့ဆွဲငုံခြင်းခံနေရပြီ။မခွဲခွါရခင်အချိန်လေးမှာပေးထားတဲ့အခွင့်အရေးအား... ဂျောင်ကုမှ အတိုးရောအရင်းပါပေါင်းကာယူနေသလိုပင်..။
ကိုယ့်နိုင်ငံကနေ ပြင်ဆင်စရာကိစ္စတွေကိုဆောင်ရွက်ရန်အတွက် ဆော့ဂျင် အလုပ်မှနားလိုက်တော့... အချိန်ရရင်.ရသလို တခါတရံမှာညနေစာကိုသူကိုယ်တိုင်ဝင်ပြီးချက်ပြုတ်ပေးသည်။
အဓိက.က ဂျောင်ကုအား သူ့လက်ရာကိုစားစေချင်လို့ဖြစ်သော်လဲ . ဒယ်ဒီ့အတွက်ပါပိုလုပ်ပေးဖြစ်သည်။ ဂျောင်ကုရဲ့မိခင်အတွက်ကတော့ အရင်တစ်ခေါက်က သင်ခန်းစာတစ်ခါရခဲ့ဖူးပြီမို့ စေတနာပျက်ခဲ့ပြီ...။
ညစာစားကြတော့... ထမင်းဝိုင်းမှာ ဆော့ဂျင်ရဲ့ဟင်းလျာတွေက မိခင်ဖြစ်သူအတွက်မပါဝင်ခဲ့မှန်း ဂျောင်ကုသိသည်။ အကြောင်းမရှိပဲနဲ့တော့ ဆော့ဂျင်က ဒီလိုလုပ်မယ့်သူမဟုတ်မှန်း ကောင်းစွာသိတာမို့... မသိချင်ယောင်သာဆောင်နေလိုက်သည်။
ဒါပေမယ့်... မိခင်နဲ့ဆော့ဂျင်ရဲ့ကြားမှာ အဆင်မပြေမှုတွေမဖြစ်စေချင်တာကြောင့် နောက်ရက်တွေမှာတော့ ဆော့ဂျင်အား တစ်ဖက်လှည့်ဖြင့် ဟင်းဝင်မချက်ဖို့ချော့မော့ပြောလိုက်သည်။ အကင်းပါးတဲ့ ဆော့ဂျင်ဟာာ နှစ်ခါပြောစရာမလိုပဲ သူ့စကားအားနားထောင်ပေးခဲ့၏။
........
တဖြည်းဖြည်းနဲ့ ခွဲခွါရဖို့ရက်တွေနီးကပ်လာတော့ ဂျောင်ကုဟာ ဆော့ဂျင်ကိုသူ့အနားကနေပေးမခွါချင်တော့ပဲ သူ့အလုပ်ကိုပါလိုက်ပါစေခဲ့သည်။ဆော့ဂျင်ကလဲ ကိစ္စတွေအကုန်စီစဉ်ပြီးပြီမို့ လုပ်စရာလဲမရှိတော့တာကြောင့် ဂျောင်ကုခေါ်သမျှအနောက်သို့ တကောက်ကောက်လျှောက်လိုက်သည်။
ဂျောင်ကု meeting ပြီးလို့ သူ့ရုံးခန်းထဲသို့ပြန်ရောက်လာတော့ နားကြပ်လေးတပ်ပြီးဆိုဖာပေါ်မှာခွေခွေလေးလှဲနေတဲ့ ဆော့ဂျင်အား... စွေ့ခနဲမကာသူ့ပေါင်ပေါ်သို့ကောက်တင်လိုက်သည်။