Heartthrob ဟူသော စကားလုံးသည် 1920 ပြည့်လွန်နှစ်များကတည်းက လူအများကို ရိုမန်တစ်ဆန်စွာ ခံစားစေသော တစ်စုံတစ်ဦးကို ဖော်ပြရန်အတွက် အသုံးပြုခဲ့သည်။ရင်ခုန်စရာခံစားချက်များကို နှိုးဆွပေးသော သို့မဟုတ် စွဲမက်ဖွယ်ကောင်းသော လူတစ်ဦးအတွက်ရည်ညွှန်းတယ်လို့ မှတ်သားဖူးတယ်။ အများအားဖြင့် ဆွဲဆောင်မှုရှိပြီး ငယ်ရွယ်သော အမျိုးသားတစ်ဦးအတွက် အဓိက အသုံးပြုကြတယ်လို့လဲဆိုကြတယ်။
Jeon Jungkook
—————————————————————————-Dreamboat ဆိုတဲ့စကားလုံးက ရုပ်ပိုင်းဆိုင်ရာ အလွန်ဆွဲဆောင်မှုရှိသော လူတစ်ယောက်ကိုပြောဆိုရာမှာ သုံးနှုန်းတယ်။ ကိုယ်ချစ်ခင်မြတ်နိုးရသည့်သူတွေအတွက်ဆိုလိုသော်လည်း . ယနေ့ခေတ်တွင်တော့ Dreamboat သည် များသောအားဖြင့် အမျိုးသားတစ်ဦးကို ရည်ညွှန်းတယ်တဲ့လေ။
Kim Seokjin
🩶🩶🩶🩶🩶🩶🩶🩶🩶🩶🩶🩶🩶🩶🩶🩶
အာညော် 🤗....Fic လေးတစ်ပုဒ် Mocha ရေးနေပါတယ်။ အချိန်မရတာရော . သိပ်မထူးခြားနားတဲ့ story ပုံစံမျိုးတွေချည်းထပ်နေမှာစိုးရိမ်တာကြောင့်ပါ မရေးတော့ဘူးဆိုပြီးနေ.နေတာ။ ဒါပေမယ့် တခါတလေကျတော့ ရေးချင်စိတ်ကပေါက်လာပြန်ရော။
ဖတ်ရတာသဘောကျပေမယ့် . ရေးရတာမကြိုက်တဲ့ Character များ
1. ဇာတ်ကောင်တွေကို အရမ်းဇာတ်နာရအောင်မရေးချင်တာ
2. Jinnie ကို အသက်ပိုကြီးတဲ့နေရာမထားချင်တာ
3. Jinnie ကို အရမ်းပျော့တဲ့. ကြမ်းတဲ့ Character မထားချင်တာ
4. Kook က ချေမိုးပြီး Jinnie လေးကတစ်ဖက်သတ်ချစ်ပြီး အရှုံးပေးရတာလောင်ရတဲ့ fic တွေကိုဖတ်ရတာအရမ်းကြိုက်ပေမယ့် . တာဝန်ကြီးမယ်ထင်လို့ မရေးတာပါ (အမှန်က မရေးတတ်လို့ 🤭)..။ ဒါကြောင့်မို့ mocha ရဲ့ story တွေက နဲနဲပျင်းစရာကောင်းနေမှာပါ။ လောင်ရတာတွေဆီကခဏနားချင်ပြီး... emotion ဆန်ဆန်ပုံစံမျိုးတွေဖတ်ချင်လာတဲ့အချိန်မျိုးဆိုရင်တော့ စာဖတ်သူတွေအတွက် အသုံးဝင်မှာပေါ့နော်...။
Mocha ရဲ့ fiction လေးကို ဆက်ရေးသင့်/မရေးသင့်ဆုံးဖြတ်ဖို့အတွက် .. မျှော်နေသူတွေရှိ/မရှိသိပါရစေရှင့်။
🩶MOCHA