ဂျောင်ကုနဲ့ချိန်းဆိုထားတဲ့ နောက်တစ်နေ့ရဲ့မနက်ခင်းမှာ ဂျောင်ကု ရောက်ရှိမလာခင် . မေမေက သတင်းဆိုးတစ်ခုအား သူ့ဆီသို့သယ်ဆောင်လာခဲ့သည်။"ဒီမနက် ၇ နာရီမှာ Ken ဆုံးသွားပြီ သား..."
"ဘယ်လို!...
Ken ဆုံးသွားပြီ ဟုတ်လား ? ... ရုတ်တရက်ကြီးဘယ်လိုဖြစ်တာလဲ မေမေ""Ken ကို ဆေးရုံစရောက်ကတည်းက ဆရာဝန်တွေက မရတော့ဘူးပြောခဲ့တာ။ ဒီလောက်ကြာကြာခံသွားတာကလဲ သူ့မှာပြောစရာတွေကျန်နေသေးလို့ တောင့်ခံထားတာဖြစ်လိမ့်မယ်"
"ဟိုးတစ်ရက်က . ကျတော်မေးတုန်းက အခြေအနေ ဒီလောက်ကြီးဆိုးနေတာကို ဘာလို့မပြောခဲ့တာလဲဗျာ.."
"သားကိုအမှန်အတိုင်းပြောရင် Seoul ကိုပြန်ဖို့ပူဆာမှာစိုးလို့မပြောခဲ့ကြတာ . မေမေတို့လဲ အဲ့လောက်အထိမြန်ဆန်လိမ့်မယ်လို့ထင်မထားလို့ပါ"
"Ken နဲ့သားရဲ့ကြားမှာ ဆက်ဆံမကောင်းခဲ့ကြပေမယ့် . Ken ဟာ ကျတော်သိပ်ချစ်ခဲ့ရတဲ့ သူငယ်ချင်းပါ။ သူ့ရဲ့ နောက်ဆုံးခရီးကို ကျတော်လိုက်ပို့ပေးပါရစေ မေမေ. ကျတော် ဘယ်လိုလုပ်ပေးမှ သွားခွင့်ပေးမှာလဲဟင်"
"သား သွားသင့်ပါတယ် . သွားစေချင်လို့လဲ မေမေက ဒီဟာလေးနားထောင်ကြည့်ဖို့ယူလာခဲ့တယ် ။ မေမေတို့ငှါးထားတဲ့သူတွေကိုလဲ ပြန်လွှတ်လိုက်ပြီမို့ . သားအဆင်သင့်ဖြစ်ရင် ထွက်လာခဲ့နော်"
သူ့လက်ထဲသို့ စာအုပ်တစ်အုပ်နဲ့အတူ သူ့ရဲ့ဖုန်းနှင့် thumb drive လေးတစ်ခုကိုထည့်ပေးပြီး အခန်းထဲကထွက်သွားတဲ့ မေမေ့အား နားမလည်နိုင်သလိုကြည့်ပြီး ဆော့ဂျင်တစ်ယောက်တည်းအခန်းထဲမှာကျန်ခဲ့၏။
မေမေထွက်သွားပြီး နာရီဝက်လောက်အကြာမှာ . ယူစရာရှိတာတွေယူပြီး အခန်းထဲကနေထွက်လာတော့ . မေမေက သူ့အား အောက်ထပ်မှာအဆင်သင့်စောင့်နေသည်။
"သွားတော့မလား သား..."
"အင်း..."
Driver တစ်ယောက်နဲ့အတူ ခြံထဲမှာအသင့်စောင့်နေတဲ့ကားပေါ်တက်လိုက်ပြီး မေမေနဲ့သူ . Seoul
သို့ ထွက်ခွါလာခဲ့ကြသည်။ လမ်းတစ်လျှောက်လုံးမှာ Ken ရဲ့အကြောင်းအား သူ့ခေါင်းထဲကနေ ထုတ်မရသလို . Ken ရဲ့အသံကလဲ သူ့ရဲ့နားထဲကမထွက်ခဲ့ပေ။ ကလေးဘဝတုန်းက . Ken နဲ့ သူ့ရဲ့ပုံရိပ်တွေကိုလဲပြန်မြင်ယောင်လာသည်။