ဂျွန်ဂျောင်ကုဆိုတဲ့သူပုံစံက မိန်းကလေးတိုင်းစိတ်ကူးယဉ်ထားသည့် ယောင်္ကျားဆန်ဆန်ပုံစံရှိပြီး အသက်အရွယ်က သူနဲ့ရွယ်တူလောက်ရှိမည်။ မျက်လုံးဝိုင်းဝိုင်း hair style မိုက်မိုက် . လက်မှာ tattoo တွေထိုးထားတဲ့အပြင် lip piercing လဲလုပ်ထားသေးတော့ အထာကျကာမိမိုက်နေပြန်၏။ဆော့ဂျင် အိမ်ပြန်ရောက်တော့... သူသိထားတဲ့ ဂျွန်ဂျောင်ကုနဲ့ သူ့အားစော်ကားပြောဆိုထားတဲ့ ဂျွန်ဂျောင်ကုဆိုတဲ့သူဟာ တစ်ယောက်တည်းဟုတ်မဟုတ် ဘယ်လိုစုံစမ်းရမလဲဆိုတာ စဉ်းစားနေမိသည်။
သူထင်တာမမှားဘူးဆိုရင် ဂျွန်ဂျောင်ကုက သူနဲ့ရင်းနှီးမှုရယူချင်နေပုံပေါ်၏။ နေ့လည်က meeting လုပ်နေတဲ့အချိန်တွေမှာ သူ့အားမကြာခဏလှမ်းကြည့်နေတတ်ပြီး meeting ပြီးသွားတော့လဲ သူနဲ့စကားထပ်ပြောဖို့ကြိုးစားခဲ့ပေမယ့် hyung ကအတင်းဆွဲခေါ်လာ၍ ထိုလူမှာသူ့အနားသို့ကပ်ခွင့်မရခဲ့ပေ။
ညရောက်တော့ .. ဆော့ဂျင် မအိပ်ခင် Business strategies ရေးဆွဲပုံနဲ့ပတ်သက်တဲ့ စာအုပ်တစ်အုပ်ဖတ်နေတုန်း Ken ဆီမှ video call ဝင်လာခဲ့သည်။
"Hello! Ken နေကောင်းလား . အဲ့ဒီမှာနေရတာ အထီးမကျန်ဘူးလား။ ငါတော့ Ken မရှိတာအရမ်းအထီးကျန်တာပဲ"
"အပိုတွေမပြောစမ်းနဲ့ Jinnie .. ယွန်းဂီတို့ပြောလို့ မင်းသတင်းတွေအကုန်ပြန်ကြားတယ်။ အရင်အတိုင်းပဲ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်ထားနေတုန်းဆို"
"တွဲမှာပေါ့ အဲ့ဒါတွေအကုန်လုံး Ken ကြောင့် . Ken မရှိလို့ ငါ့မှာအထီးကျန်ပြီးအဖော်မဲ့နေတော့ မထားချင်တဲ့ရည်းစားတွေထားနေရတာပေါ့"
"အော်ဟော... နောက်ဆုံးတော့ ငါ့အပြစ်ပေါ့ဟုတ်လား။ ဂျီမင်နဲ့ယွန်းဂီတို့ကိုရော ဘယ်သွားထားလဲ . သူတို့က ဘယ်ရောက်နေလို့လဲ"
"သူတို့က ကျောင်းပြီးကတည်းက တစ်နေ့တစ်နေ့ သူတို့အလုပ်နဲ့ပဲရှုပ်နေတာ ဘယ်တော့မှအားတယ်မရှိဘူး။ ကျောင်းပြီးတာနဲ့ စီးပွါးရေးလောကထဲကိုခြေစုံပစ်ဝင်မယ်ဆိုပြီး တစ်နေ့တစ်နေ့ စီးပွါးရေးသမားတွေသွားတတ်တဲ့နေရာတွေကိုသွားပြီး ရှာလိုက်ရတဲ့ social network.