ရုံးပြန်တက်တော့ အနည်းငယ်ဖျော့တော့နေတဲ့ ဆော့ဂျင်အား Soobin မှ ပျာပျာသလဲဂရုစိုက်ပေးရှာသည်။ အများသိထားတဲ့ မနေ့က နှစ်ယောက်စလုံးရုံးမတက်ကြသည့်အကြောင်းရင်းမှာ... သူကဖျားနေပြီး. ဖျားနေသည့်သူ့အား ဂျောင်ကုမှပြုစုပေးနေရသောကြောင့်ဖြစ်သည်။လည်ပင်းအပိတ်င်္အကျီလက်ရှည်ဝတ်ထားတဲ့သူ့ရဲ့ပုံစံက တကယ်လဲဖျားနေတဲ့ပုံပေါ်နေတာကြောင့် ပီပြင်သည်ထက်ကိုပိုနေသေးသည်။ နေ့လည်ထမင်းစားချိန်မှာ ဂျောင်ကုတစ်ယောက် ဆော့ဂျင်တို့အခန်းထဲသို့ရောက်လာတော့ အကင်းပါးတဲ့ Soobin က အခန်းထဲမှထွက်သွားပေး၏။
"သက်သာလား အချစ် . ဘယ်လိုနေသေးလဲ"
"သိပ်အဆင်မပြေသေးပေမယ့် သက်သာပါတယ်. ထမင်းစားဖို့လာခေါ်တာလား"
အရင်ကဆိုရင် တခါတလေအပြင်မသွားချင်တဲ့အခါမျိုးမှာ CEO office မှာပဲနေ့လည်စာစီစဉ်ခိုင်းလေ့ရှိပြီး မိခင်နဲ့အတူနေ့လည်စာစားဖြစ်တဲ့ ဂျောင်ကုဟာ ... အခုဆိုရင် သူ့ရဲ့ရုံးခန်းမှာပဲ ဆော့ဂျင်နဲ့အတူတူစားဖြစ်သည်။
"ဖုန်းဆက်လိုက်တာမဟုတ်ဘူး . ဘာလို့လာခေါ်တာလဲ"
"ကိုယ်လာမခေါ်ရင် ဟောဒီကအလုပ်သရဲလေးက တော်တော်နဲ့လာမှာ မဟုတ်ဘူးလေ . ကိုယ့်အချစ်ဗိုက်ဆာနေမှာစိုးလို့ လာခေါ်ရတာပေါ့"
နှစ်ယောက်သား စကားတပြောပြောနဲ့ လက်ချင်းတွဲပြီးလျှောက်လှမ်းသွားတဲ့လမ်းတစ်လျှောက်မှာ ... သူတို့အား ဝန်ထမ်းတချို့မှ ကွက်ကြည့်.ကွက်ကြည့်နဲ့ကြည့်ကြသည်။
ထိုအကြည့်တွေက... စကားပြောရင်းကနေ ဆော့ဂျင်ရဲ့မျက်နှာလေးကိုအရိပ်တကြည့်ကြည့်နဲ့ကြည့်ပြီး ပြုံးရွှင်ကာနေတဲ့ Golden Group ရဲ့ President ကိုကြိတ်ကြွေကြသလို . အချစ်ခံရသူ အမျိုးသားလေးကိုအားကျမိကြတာလဲဖြစ်နိုင်သည်။
"Yeobo.."
ဆော့ဂျင်မှ သူ့အား Yeobo လို့ခေါ်လိုက်ပြီဆိုရင် သူ့ဆီကလိုက်လျောမှုတစ်ခုခုကိုလိုချင်တာရှိနေမှန်း သူသဘောပေါက်လိုက်သည်။
နေ့လည်စာစားပြီးတော့ နှစ်ယောက်စလုံးအချိန်ရနေသေးတာကြောင့်.... ဆော့ဂျင်က မပြန်သေးပဲ သူ့ရဲ့ရုံးခန်းထဲမှာဆက်နေ.နေသေးသည်။ သူ့လက်မောင်းကိုမှီတွယ်ကာ ဆိုဖာပေါ်မှာသက်တောင့်သက်သာဖြင့် ခပ်လျောလျောလေးထိုင်ရင်း သူ့အားနူးနူးညံ့ညံ့လေးခေါ်လာတော့...