ကုမ္ပဏီသို့ အပြင်စာရင်းစစ်ဝင်မယ့်ကိစ္စကိုသိရှိသွားတဲ့ ဂျောင်ကုရဲ့မိခင်ဟာ CEO တစ်ယောက်ဖြစ်တဲ့သူမအားကျော်ပြီး Chairman ဆီကနေတိုက်ရိုက် ခွင့်ပြုချက်ယူရကောင်းလားဆိုပြီးသောင်းကျန်းခဲ့လေ၏။ သူမသိရှိပြီးနောက်တစ်နေ့မှာပဲ စာရင်းစစ်ဝင်တော့မည်မို့ သူမအတွက်ကြိုတင်ပြင်ဆင်ချိန်မရှိတော့တာကြောင့် ဘေးကြပ်နံကြပ်ဖြစ်ခဲ့သည်။နောက်ဆုံးတော့ ဒီအခြေအနေမှလွတ်မြောက်ရန် တစ်ခုတည်းသောနည်းလမ်းက . သူမ လုပ်ထားသောကိစ္စတွေအား ဖခင်ဖြစ်သူအားဖွင့်ဟဝန်ခံပြီး ခွင့်လွှတ်မှုကိုခံယူရန်ဖြစ်သည်။ ထင်ထားသည့်အတိုင်း ဂုဏ်သိက္ခာကိုဦးစားပေးတဲ့ဖခင်ဖြစ်သူက သမီးဖြစ်သူနာမည်ပျက်လျှင် Company ရဲ့ပုံရိပ်ကျဆင်းစေမယ့်အပြင် . လုပ်ငန်းကိုပါထိခိုက်လာနိုင်တာကြောင့် သူကြည့်လုပ်လိုက်မည်ဟုသာပြောပြီး ပြန်လွှတ်လိုက်လေ၏။
စိတ်ချရသော အနေအထားမဟုတ်သေးတာကတစ်ကြောင်း . ထိုကိစ္စအားစီစဉ်သူမှာ သူမ၏သားမက်ဖြစ်နေတာကတစ်ကြောင်းမို့ ဒေါသမီးက တောက်လောင်နေဆဲ။ ဒီအချိန်မှာ သူမ၏ရဲဘော်ရဲဘက်ဖြစ်တဲ့ Ken အား ကင်မ်ဆော့ဂျင်ကိုတစ်ခုခုလုပ်ရန် တိုက်တွန်းရတော့မည်။
ဘာကြောင့်လဲဆိုတော့ Ken ဆိုတဲ့ကောင်လေးဟာ သူမ၏သားဖြစ်သူ . သူငယ်ချင်းဖြစ်သူရဲ့အိမ်ထောင်ဖက်အား အခွင့်အရေးရတာနဲ့လုယူဖို့ကြံစည်နေသူဆိုတာကို သူမသိထားသောကြောင့်ဖြစ်သည်။
........
မနက်ဖြန်ဆိုလျှင် ယောက္ခမဖြစ်သူရဲ့ကျဆုံးခန်းကိုရောက်ဖို့စတင်မည့် ပထမနေ့ရက်ဖြစ်တာကြောင့် ဆော့ဂျင်ရဲ့စိတ်လက်တို့က အရင်နေ့ရက်တွေထက်ပေါ့ပါးလို့နေသည်။
နေ့လည်စာစားပြီးချိန်ရောက်တော့ Hoseok hyung က အဖိုးကသူ့အားလာတွေ့ဖို့ခေါ်နေ၍ သူနဲ့အတူလိုက်ခဲ့ရန် ဆော့ဂျင်အားလာခေါ်သည်။ ဘာကိစ္စများပါလိမ့်ဟု ကားပေါ်မှာတွေးတောရင်း အဖိုးနေထိုင်ရာနေအိမ်ကြီးဆီသို့လိုက်ပါလာခဲ့သည်။ Hoseok hyung အားမေးကြည့်ပြန်တော့ သူလဲမသိဟုဆိုသည်။
အလုပ်ခန်းထဲမှာ သူတို့အားအသင့်စောင့်ဆိုင်းနေတဲ့အဖိုးကပဲ စကားအစချီကာပြောသည်။