"မင်းရဲ့ ဆော့ဂျင်လား . သူအဆင်ပြေတာပေါ့။ ဟိုးတစ်ရက်ကငါတို့သွားနေကျ Bar မှာ ကောင်လေးတစ်ယောက်နဲ့အတူတွေ့လို့ ငါနဲ့တောင်မိတ်ဆက်ပေးသေးတယ်...နာမည်က ကင်မ်ထယ်ယောင်းဆိုလားပဲ.."ဂျောင်ကု ဟိုမှာတစ်ပတ်ကြာပြီးပြန်ရောက်လာတော့ သူ့အားသတင်းဆိုးကစောင့်ကြိုနေသည်။ သူအနားမှာမရှိတဲ့အချိန်မှာ ဆော့ဂျင် ဘာတွေလုပ်နေခဲ့တာလဲ။ ချက်ချင်းကားသော့ဆွဲကာ မတ်တပ်ထရပ်လိုက်တဲ့ ဂျောင်ကုအား မင်ဂယူက...
"ဘယ်သွားမလို့လဲ ဂျောင်ကု"
"မေးစရာလိုသေးလို့လား . ဆော့ဂျင်ဆီကိုပေါ့"
"စိတ်လိုက်မာန်ပါတွေမလုပ်မိစေနဲ့နော် ဂျောင်ကု . မင်းအတွက် ဘာအကျိုးမှရှိမှာမဟုတ်ဘူး"
"အင်း.."
ကားမောင်းနေရင်း စိမ်းကားလေသူဆီကိုဖုန်းခေါ်လိုက်တော့ ထုံးစံမပျက် ကိုင်သူမဲ့နေသည်။ နောက်တစ်ခေါက်ထပ်ခေါ်ကြည့်တော့မှ ကိုင်လိုက်တာမို့...
"မင်းအခု ဘယ်မှာလဲ ဆော့ဂျင်"
"ကျတော် ကင်မ်ထယ်ယောင်းပါ . ဂျင်က ရေချိုးနေလို့ပါ ဂျောင်ကုရှီ. အခု ကျတော်တို့ ဘူဆန်ကိုရောက်နေတာဗျ"
"ဘာာ!!!..."
"ဆော့ဂျင်ကို ပြန်ဆက်ခိုင်းလိုက်မယ်နော် ဂျောင်ကုရှီ. ကျတော်ဖုန်းချလိုက်တော့မယ်"
ဂျောင်ကု ကားကိုလမ်းဘေးသို့ထိုးရပ်လိုက်ပြီး dashboard ပေါ်သို့လက်သီးနဲ့အကြိမ်ကြိမ်ထုရိုက်မိသည်။ ဆော့ဂျင်က သူစိမ်းတစ်ယောက်နဲ့ နှစ်ယောက်တည်းခရီးသွားရတဲ့အထိ သူတို့ရဲ့ပတ်သက်မှုက ဘယ်အတိုင်းတာအထိရှိနေကြပြီလဲ။
အရင်တုန်းက မိန်းကလေးတွေနဲ့ပဲတွဲတယ်ဆိုပေမယ့် . ဆော့ဂျင်က အခုမှစိတ်ပြောင်းသွားရင်ဘယ်လိုလုပ်မလဲ။ ဆော့ဂျင်ရှိတဲ့နေရာကို အခုချက်ချင်းပြေးလိုက်သွားချင်မိပေမယ့် . ဟိုကိုရောက်ရင် ဆော့ဂျင် ဘယ်နေရာမှာရှိနေလဲဆိုတာကို သိမှဖြစ်မှာမို့ .. မေးကြည့်ရန်အတွက်ဖုန်းထပ်ခေါ်လိုက်မိသည်။
ဖုန်းဝင်သွားတာနဲ့ တစ်ဖက်က ဖုန်းကိုချက်ချင်းကိုင်လိုက်သည်။ သူ့ဘက်က 'ဟယ်လို'တစ်ခွန်းပဲဆိုရသေးတယ် ဆော့ဂျင်က စိတ်မရှည်သောလေသံတို့ဖြင့်...