🩶 01

335 43 15
                                    




"Hyung!.....ဂျင်. ဒီမှာ"

ကင်မ်ဆော့ဂျင်က US ကနေအလုပ်ကိစ္စနဲ့ပြန်လာတဲ့ အစ်ကိုတစ်ဝမ်းကွဲဖြစ်သူ . ကင်မ်နမ်ဂျွန်းနဲ့ မှာလိုက်တဲ့စာအုပ်ကိုလာယူရင်း လေဆိပ်ကိုသူ့ကားနဲ့လာကြိုပေးလိုက်သည်။

လူတွေကြားထဲကနေ လက်ကလေးလှမ်းပြပြီး လှမ်းခေါ်လိုက်တော့မှ hyung က သူ့ကိုတွေ့သွားသည်။ ထို့နောက်... ညီအကိုနှစ်ယောက်ပုခုံးလေးဖက်ကာ ကားရှိရာဆီကိုလျှောက်လာခဲ့ကြသည်။

"Jinnie က လိုချင်တာရှိလို့ hyung ကိုလာကြိုတာပေါ့လေ. ဟုတ်လား"

"Hyung ကို . ဂျင်က အခေါက်တိုင်းလာကြိုချင်တာပေါ့ . အခေါက်တိုင်း ဝယ်ခိုင်းနေရမှာအားနာလို့သာ . ဟာာ.ဟ.."

"ဟားဟားးး . ငရွှတ်ကလေး..."

Luggage ကိုကားပေါ်တင်ပြီး . ကားပေါ်တက်မလာသေးတဲ့ ညီဖြစ်သူကို နမ်ဂျွန်း လှမ်းကြည့်မိတော့... ဖွင့်ထားတဲ့ကားတံခါးကိုကိုင်ကာ တစ်နေရာရာကိုစိတ်ဝင်တစားလှမ်းကြည့်နေတာကို တွေ့ရသည်။

"ဘာတွေငေးနေတာလဲ Jinnie . ကားပေါ်တက်တော့လေ..."

"ဟင်.. အာာ . ဟုတ်ကဲ့ hyung"

........

"ကင်မ်ဆော့ဂျင်ကလေ ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်တွဲတာတဲ့။ ဒါပေမယ့် ပေမယ့် သူတို့ကျောင်းကသူတွေက သူ့ကိုဝေဖန်တာမျိုးတွေမရှိတဲ့အပြင် လူချစ်လူခင်လဲများတယ်တဲ့"

"သူက Business Management မာစတာတန်းတက်နေတာ. စာလဲတော်တယ်တဲ့"

"မင်းတို့ဒီနေ့ အဲ့ဒီတစ်ယောက်အကြောင်းပဲထိုင်ပြောနေကြမှာလား"

မနေ့က ဘားတစ်ခုမှာတွေ့ခဲ့တဲ့ ကင်မ်ဆော့ဂျင်ဆိုတဲ့တစ်ယောက်အကြောင်းအား phone screen ကိုကြည့်ရင်းပြောနေတဲ့ Mingyu နဲ့ Eunwoo အား ဂျောင်ကုကလှမ်းငေါက်သည်။

"မင်းမမြင်လိုက်လို့ဂျောင်ကု . အဲ့တစ်ယောက်
ကတော်တော်ချောတာ. နော် Eunwoo..။ သူနဲ့တွဲလာတာ အချေကောင်မင်ယွန်းဂီမလား"

"ဟုတ်တယ် သူတို့က. တွဲနေကြတာပဲလား သူငယ်ချင်းတွေလားမသိဘူး"

"မဖြစ်နိုင်ဘူး . သူက straight ... သူ့ကိုစိတ်ဝင်စားတဲ့ကောင်တွေရှိပေမယ့် မိန်းကလေးတွေနဲ့ပဲတွဲတာ"

I'm Yours (Soy Tuyo)Donde viven las historias. Descúbrelo ahora