🩶 07

210 37 6
                                    



ဆော့ဂျင်အနေနဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့ Business Consultant တစ်ယောက်ဖြစ်ဖို့ဆိုရင် လုံလောက်တဲ့ qualification တွေရှိထားမှရမည်မို့သူ့မှာသင်ယူစရာတွေ certification တွေကမနည်းမနော...။ အခုလဲ နမ်ဂျွန်းhyung နဲ့ ရုံးတက်ချိန်ညှိနှိုင်းပြီး HBS Online မှာ Business Strategy Course တက်ဖို့စာရင်းသွင်းထားပြီးဖြစ်သည်။

ပထမကတော့ US ကပေးတဲ့ MBA scholar ရယူဖို့ကြိုးစားသော်လဲ... scholarship ရွေးချယ်မခံရ၍ ခေတ္တမျှခြေတစ်လှမ်းနောက်ဆုတ်ထားပြီး လက်လှမ်းမှီတဲ့ Course တွေတက်ရင်း Diploma တွေရယူထားခြင်းဖြစ်သည်။

သူ ဒီလိုကြိုးစားနေတာတွေကို သူ့မိဘနှစ်ပါးကလွဲ၍ ဘယ်သူ့ကိုမှပေးမသိချင်ခဲ့ပေ။ ဆော့ဂျင်ရဲ့အကျင့်က အကောင်အထည်မပေါ်သေးတဲ့အလုပ်ကို လူအများအားထုတ်ဖော်ပြောဆိုရတာ မကြိုက်တာဖြစ်သည်။

အလုပ်နဲ့ ပညာရေးကြားမှာ ဗျာများ​နေတဲ့ကာလတွေအတွင်း ဂျောင်ကုနဲ့ တစ်ပတ်နေလို့တစ်ခါတောင်မတွေ့ဖြစ်တော့ပေ။ ဒါလဲကောင်းတာပါပဲလေ... အခုနောက်ပိုင်းသူ့ရင်ထဲမှာဖြစ်ပေါ်နေတဲ့ ခေါင်းစဉ်တပ်မရတဲ့ခံစားချက်တို့ကြောင့် ဂျောင်ကုနဲ့ အတတ်နိုင်ဆုံးဝေးဝေးမှာနေချင်ခဲ့တာ။

ဂျောင်ကုတောင်းဆိုခဲ့တဲ့အတိုင်း ရည်းစားတွေထပ်ပြီးမထားဖြစ်ခဲ့တာကြာပြီ . သူအချိန်မရတာလဲပါပေမယ့်ပေါ့။ ဒါကို ထိုသူကမသိပါပဲ...

'ဆော့ဂျင်တို့မှာ ယားရင်ကုတ်ဖို့တောင်အချိန်မရလို့ ရည်းစားတောင်မထားရတော့ဘူး . သနားလိုက်တာ' ဟု စနောက်တတ်သေးသည်။

သူ့အပေါ်မှာထားတဲ့ခံစားချက်တွေကို သိုဝှက်ပြီး
ရူးချင်ယောင်ဆောင်ပေးနေတဲ့ ဂျောင်ကုဟာ . ဖွင့်ပြောလိုက်ရင် သူနဲ့အနေပိုဝေးသွားမှာကိုစိုးရိမ်လို့ဆိုတာ သူသိပါသည်။ ဂျောင်ကုအပေါ် သူစိတ်ယိုင်သွားလို့မဖြစ်ဘူးဆိုတာကိုလဲ သူ့ကိုယ်သူအထပ်ထပ်အခါခါသတိပေးနေမိသည်။

အကြောင်းရင်းက... သူ့လို လူလတ်တန်းစားမိသားစုကပေါက်ဖွားလာသူတစ်ယောက်ကို ဘယ်လိုမှကြည်ဖြူနိုင်မယ်မထင်သော ၊ ငွေကြေးချမ်းသာမှုကိုရှေ့တန်းတင်သော ဂျောင်ကုရဲ့မိခင်ကြောင့်ပင်...။

I'm Yours (Soy Tuyo)Tempat cerita menjadi hidup. Temukan sekarang