Mrs. Jeon ဘက်မှဆွေးနွေးစရာရှိသည်ဟုဆိုပြီး . သူမ၏နေအိမ်သို့လာခဲ့ဖို့ခေါ်၍ Ken ရောက်လာခဲ့သည်။ အိမ်ကြီးထဲမှာ Mrs. Jeon နဲ့ အလုပ်သမားများသာရှိပေမယ့် ဘယ်လိုအရေးကြီးကိစ္စဖြစ်နေလဲမသိ. သူ့အား အလုပ်ခန်းထဲသို့ခေါ်သွားခဲ့သည်။"ပြောစရာရှိတယ်ဆိုတာ ဘာလဲ အန်တီ..."
"အန်တီ Golden Group မှာပြန်နေချင်တယ် . အဲ့ဒီအတွက်မင်းနဲ့ပူးပေါင်းဖို့လိုတယ်။ Ken လိုချင်တာရဖို့ကို အန်တီကူညီပေးမယ် . အပြန်အလှန်ပေါ့..."
"ကျတော် ဘာလိုချင်လဲဆိုတာကို အန်တီကသိတယ်ပေါ့ ? . ပြောကြည့်ပါဦး အဲ့ဒီအရာကဘာများဖြစ်နေမလဲဆိုတာကို..."
"အန်တီ့ရဲ့သား...
ဘယ်လိုလဲ မှန်တယ်မလား?.. အန်တီ ဘာမှမသိဘူးလို့ထင်နေတာလား Ken.. မင်း အန်တီ့ရဲ့အနားကိုစတင်ချည်းကပ်လာတည်းက မင်းမှာအကြံရှိတယ်ဆိုတာကို အန်တီသိတယ်။ အဲ့ဒီအချိန်မှာကတည်းက Ken ရဲ့အတိတ်ကိုပါမြေလှန်ရှာထားပြီးသား"'သူ့ရဲ့အတိတ် ? ဘယ်လောက်အထိနက်နက်ရှိုင်းရှိုင်းတူးဖော်ထားလဲဆိုတာ သိချင်မိသား'
"အခုလိုပွင့်ပွင့်လင်းလင်းပြောလာတာကောင်းပါတယ် . ကျတော်လိုချင်တာရဖို့ အန်တီ့မှာနည်းလမ်းရှိလား..."
"အန်တီတို့နှစ်ယောက်ရဲ့လိုအင်ဆန္ဒနှစ်ခုအတွက် အဖြေကတစ်ခုတည်းပဲ..."
"......."
"အဲ့ဒါဟာ . ကင်မ်ဆော့ဂျင်ပဲ.
ကင်မ်ဆော့ဂျင်သာမရှိရင် အားလုံးဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်။ အရှေ့ကတစ်ယောက်ကိုရှင်းခဲ့သလို . ကင်မ်ဆော့ဂျင်ကိုလဲရှင်းထုတ်လိုက်ပေါ့""အဲ့ဒါ . ဘာစကားလဲ အန်တီ..."
"အဟင်းး... မသိချင်ယောင်ဆောင်မနေပါနဲ့ Ken.
နာအွန်း သေတာဘယ်သူ့ကြောင့်လဲဆိုတာကို အန်တီသိပြီးသားပါ။ အဲ့ဒီလျှို့ဝှက်ချက်ကို အန်တီကတစ်သက်လုံးထိန်းသိမ်းပေးသွားမှာမို့ စိတ်ချထားလိုက်ပါ""အန်တီ့မှာ ဘာသက်သေရှိလို့ . ကျတော့်လက်ချက်ပါလို့ တပ်အပ်ပြောရဲရတာလဲ"
"အန်တီက အန်တီ့သားကို ဟိုးငယ်ငယ်လေးကတည်းက . ဘယ်တော့အလွှတ်မဲ့မထားတတ်ဘူး။ ဂျောင်ကုဟာ . အဲ့ဒီနေ့က နာအွန်းနဲ့တောင်တက်သွားမယ်လို့ညာပြောပြီး တခြားသူငယ်ချင်းတွေနဲ့ လျှောက်လည်ခဲ့တယ်။ သူ့နောက်ကိုစောင့်ကြည့်ဖို့လွှတ်ထားတဲ့သူကို တောင်တက်သွားမယ်ထင်ပြီး အဲ့ဒီနေရာမှာကြိုစောင့်နေစေခဲ့တယ်။