ကင်မ်ဆော့ဂျင်က သူစိတ်ဆိုးဒေါသထွက်နေတဲ့အချိန်ကလွဲရင် . စကားကိုလိုအပ်မှပြောပြီး ကျန်တဲ့အချိန်တွေမှာ တိတ်ဆိတ်စွာနေတတ်သူ..။ မျက်နှာလေးကိုကြည့်လိုက်ရင်ဖြင့် .. စိတ်ထဲဘာတွေရှိနေသလဲဆိုတာ မှန်းဆလို့မရနိုင်အောင် တည်ငြိမ်လွန်းတဲ့ . တကယ့်အကြည်ဓာတ်လေး..။သူ့ကောင်မလေးများနဲ့တွေ့တဲ့အချိန်မှာ မြင်ရတတ်တဲ့ သူ့မျက်နှာပေါ်ကအပြုံးတွေကလဲ တာဝန်ဝတ္တရားအရလိုမျိူး သက်ဝင်မှုအားနည်းလှသည်။
ကျန်တဲ့အချိန်တွေမှာ သူ့ဘက်ကယောက်ယက်ခတ်နေသလောက် . ကင်မ်ဆော့ဂျင်က သူပြောသမျှကို ခေါင်းငြိမ့်.ခေါင်းခါရုံအပြင်မပို...။
ဒါပေမယ့် သူအိမ်မှာပဲဖြစ်ဖြစ် အဆင်မပြေတာရှိတဲ့အခါမျိုးတွေဆိုရင် ဆော့ဂျင်က သူစိတ်သက်သာရအောင် နှစ်သိမ့်ပေးတတ်၏။ တခါတလေ အလုပ်မှာဆုံးဖြတ်ရခက်တဲ့ကိစ္စမျိုးတွေနဲ့ကြုံလာရတဲ့အခါမျိုးတွေဆိုရင်လဲ ကူညီစဉ်းစားပေးကာ အကြံဥာဏ်ကောင်းတွေပေးတတ်၏။
ဂျောင်ကုမှာတော့ ... ဒီလို ပြီးပြည့်စုံနေတဲ့လူသားလေးကို ပိုင်ဆိုင်ချင်စိတ်က တစ်နေ့တစ်ခြားကြီးမားလာသည်။ ရင်ထဲကခံစားချက်တွေကို ဖွင့်ထုတ်ကာပြောလိုက်ချင်ပေမယ့် မပိုင်ဆိုင်ရမယ့်အပြင် ပိုမိုဝေးကွာသွားမှာစိုးရိမ်မိတာကြောင့်... အနားမှာဂရုစိုက်ပေးရင်းနဲ့သာ အချိန်ကောင်းတစ်ခုကိုစောင့်ဆိုင်းနေမိ၏။
ဒီနေ့လဲ... ဆော့ဂျင်နဲ့အတူ ဂေါ့ဖ်ရိုက်လေ့ကျင့်ပြီးအပြန် ကားမောင်းနေရင်းမှ ဂျောင်ကုက စကားစလိုက်သည်။
(Mocha ရဲ့အချစ်ကလေးကအရမ်းကြည့်ကောင်းတာပဲ)
"ငါပြောစရာရှိတယ် ဆော့ဂျင်"