မာစတာနောက်ဆုံးနှစ်စာမေးပွဲနီးကပ်လာတော့ ဆော့ဂျင်မှာ thesis အတွက်ပြင်ဆင်ရတာတွေကြောင့် အားလပ်ချိန်မရှိတော့ပေ...။ ညတိုင်းအကြောင်းမရှိအကြောင်းရှာဖုန်းဆက်တဲ့ ဂျောင်ကုရဲ့ဖုန်းနံပါတ်ကိုလဲ ယာယီ block ထားရ၏။သူ့နံပါတ်အား block ထားအပြီး နှစ်ရက်
မြောက်နေ့ ကျောင်းဆင်းချိန်အရောက်မှာတော့ ဂျောင်ကုတစ်ယောက် သူ့ကျောင်းသို့ရောက်ချလာခဲ့သည်။သူ့ကားရှိရာသို့လျှောက်လာနေတုန်း ကားပါကင်မှာ ရပ်ထားတဲ့ကားတစ်စီးရှေ့မှဖြတ်အလျှောက် ရုတ်တရက်ကားဟွန်းတီးလိုက်တာကြောင့် ကားထဲသို့လှည့်ကြည့်မိသည်။ သူ့အားစိုက်ကာကြည့်နေပြီးမှ ကားပေါ်ကဆင်းလာတဲ့သူက ဂျွန်ဂျောင်ကု...။
ခပ်မိုက်မိုက်စတိုင်နဲ့ ဂျောင်ကုကို ကျောင်းသူအချို့က ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ Hoodie ခဲရောင်လေးဝတ်ထားကာ accessories အပြည့်နဲ့ဂျောင်ကုက... နဖူးပေါ်သို့ကပိုကရိုကျနေတဲ့ ဆံပင်လေးတွေကြောင့် မျက်နှာလေးကတစ်မျိုးချစ်စရာကောင်းနေပြန်သေးသည်။
ဘုရားရေ!... သူအခု ဂျွန်ဂျောင်ကုကိုချစ်စရာကောင်းတယ်လို့မြင်နေတာလား..။ ဒီလောက်မိမိုက်ပြီးအထာကျအောင် အားထုတ်ထားတဲ့သူ့ပုံစံကိုချစ်စရာကောင်းတယ်လို့မြင်နေမိတာကို ဂျောင်ကုသာသိရင် သူ့အားကျိန်းသေစိတ်ဆိုးလိမ့်မည်။ဂျောင်ကုအား တောင်းပန်ရမလား. ချော့ရမလားဆိုတာ တွေးတောမိပေမယ့်... ထိုသို့ပြုလုပ်ရန်သူ့ရဲ့မာနကခွင့်မပြုခဲ့ပေ။ ဘယ်လိုပဲခင်မင်ရင်းနှီးတယ်ပြောပြော . ငယ်ပေါင်းဖြစ်တဲ့ Ken . ယွန်းဂီနဲ့ ဂျီမင် တို့နဲ့မတူပဲ... ဂျောင်ကုအတွက် သူ့ဘက်မှအလျှော့ပေး. လိုက်လျောမှုတို့ မပေးချင်ခဲ့ပေ။