<<< ပြီးခဲ့တဲ့အပတ်က...ဆော့ဂျင် ကျောင်းကပြန်အလာမှာ car accident တစ်ခုဖြစ်ခဲ့သည်။ သူ့ရဲ့သတိရှိမှုကြောင့် အလျင်အမြန်ရှောင်တိမ်းနိုင်ခဲ့တာမို့ ခြေသလုံးအရိုးနဲနဲအက်ရုံသာဖြစ်ခဲ့ပေမယ့် တစ်လလောက်က လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့ပေ။
CCTV ကနေပြန်ကြည့်ကြတော့ လူသိပ်မရှုပ်တဲ့နေရာရဲ့ လူကူးမျဉ်းကြားကနေလျှောက်သွားတဲ့သူ့အား မီးပွိုင့်နီနေသည့်ကြားက တမင်ရည်ရွယ်ချက်ရှိရှိတိုက်သွားတာဖြစ်သည်။
တိုက်ပြီးမောင်းပြေးသွားတဲ့ကားသမားကို ရှာတွေ့သွားတော့ ကားသမားဟာ အရင်အမှုဟောင်းတွေရှိတဲ့ကြေးစားလူမိုက်တစ်ယောက်ဖြစ်နေခဲ့သည်။ အမှန်အတိုင်းဝန်မခံပဲ ခေါင်းမာနေတဲ့ထိုလူအား ဖိအားပေးကာမေးမြန်းခဲ့တော့...အလုပ်အပ်သူသည် ကိုရီးယားလူမျိုးဖြစ်ကြောင်း အံ့ဩစွာသိရသည်။
ဝီလျံ၏ဖခင်အကူအညီယူကာ ဆက်လက်စုံစမ်းမှုတွေထပ်ပြီးပြုလုပ်တော့... ထိုကြေးစားအား ဆက်သွယ်ကာအလုပ်အပ်ခဲ့သူသည် သူ၏ယောက္ခမဖြစ်နိုင်ကြောင်းနှင့် သူမအပြင် နောက်ထပ်တစ်ယောက်ပါ. ပါဝင်ခဲ့ကြောင်းထိတ်လန့်တကြားသိခဲ့ရသည်။ ထိုအကြောင်းတွေအား Tae ကိုပြောပြတော့ Tae မှာ ဒေါသအလွန်ထွက်နေလေ၏။
သူ့အားဒီလိုလုပ်ရခြင်းအကြောင်းရင်းမှာ... ကုမ္ပဏီပိုင်ငွေတွေကို သူ့ကိုယ်ကျိုးအတွက်သုံးစွဲနေခြင်းအား တခြား BOD အဖွဲ့ဝင်တွေမသိသေးခင်မှာ ရန်တန့်ပစ်ပြီး ယူသုံးထားသောပမာဏအတိုင်းပြန်ထားပေးဖို့ . ဆော့ဂျင်မှ သူမဆီဆက်သွယ်ပြောဆိုခဲ့သောကြောင့်ဖြစ်သည်ဟုထင်သည်။
ဆော့ဂျင်အား သူ့ကိစ္စမှာဝင်မပါဖို့ အာဏာရှင်ဆန်ဆန်ပြောဆိုသွားခဲ့ပြီး သူ့လမ်းမှာကန့်လန့်လာခံတဲ့သူမှန်သမျှအား ရှင်းထုတ်ပစ်မယ်ဟုလဲခြိမ်းခြောက်သွားသေးသည်။ အခုလို accident တစ်ခုဖန်တီးခဲ့တာလဲ သူ့အားသတိပေးလိုက်ခြင်းဖြစ်သည်ဟု သူယူဆသည်။
Thesis ပြီးလို့ master ဘွဲ့အပ်နှင်းပြီးတာတောင် ခြေထောက်ကဒဏ်ကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်သေးတာမို့ ဂျောင်ကုဘက်ကမေးခွန်းတွေထုတ်လာမည်စိုး၍ ကိုရီးယားကိုချက်ချင်းပြန်မလာနိုင်ခဲ့ပေ။