နောက်တစ်နေ့မနက် ဂျောင်ကုအပြင်သို့ထွက်သွားပြီးသိပ်မကြာခင်မှာပဲ... Ken ဆီမှခေါ်ဆိုသော ဖုန်းဝင်လာခဲ့သည်။📱
"Hello!....""ပြော Ken. ငါ နားထောင်နေတယ်..."
"အိမ်မှာလား Jinnie..."
"အင်း...."
"Jinnie ငါ့အပေါ်မှာစိမ်းကားနေသလိုခံစားရလို့ အကြောင်းရင်းလေး နားထောင်ချင်လို့ ဖုန်းဆက်လိုက်တာ..."
သူ UK မှာရှိနေတဲ့တစ်နှစ်အတွင်းမှာတောင် သူ့ဆီအား တစ်ခါမှစတင်ဆက်သွယ်ခြင်းမရှိခဲ့တဲ့သူဆီမှ ဒီလိုစကားမျိုးကြားရတော့ ရယ်စရာတော့ကောင်းသား...။
"အဲ့ဒါက ငါ့ဆီကနားထောင်စရာလိုသေးတာလား...ငါဆီက နားမထောင်ခင်မှာ အရင်မေးကြည့်ချင်တာလေးရှိတယ် မေးလို့ရမလား"
"ဘာများလဲ...."
"ဟိုးအရင်က . မင်းပြောဖူးခဲ့တဲ့ မင်းရဲ့ တစ်ဖက်
သက်ချစ်ရသူဆိုတာ ဘယ်သူလဲ. အခုပြောပြပေးလို့ရမလား...""အဟင်း...မလောပါနဲ့ သိရတော့မှာပါ..."
"ဟုတ်လား... စိတ်ဝင်စားစရာကောင်းမယ့်ပုံပဲ . အဲ့ဒီနေ့ကို ငါ မျှော်လင့်နေမယ် Ken..."
"Jinnie ရဲ့မေးခွန်းက ငါသိချင်နေတဲ့ကိစ္စကိုအတည်ပြုပေးလိုက်သလိုဖြစ်သွားပြီမို့ ငါတို့ဖုန်းပြောတာဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ကြတာပေါ့...။ အာာ...ဒါနဲ့ ဂျောင်ကု ဒီနေ့ဘယ်ကိုသွားလဲဆိုတာသိလား"
"ဂျောင်ကု ကိုယ်တိုင်မပြောပြတဲ့အရာဆိုရင် ငါ့ဘက်ကအတင်းကြီးလိုက်မေးလေ့မရှိဘူး"
"အဟင်း..ဟုတ်ပါပြီ သူငယ်ချင်းအချင်းချင်းမို့ပြောပြတာနော် . ဂျောင်ကုက ဒီနေ့ ဟိုးအရင်ကသူနဲ့စေ့စပ်ဖူးခဲ့တဲ့ကောင်မလေးရဲ့အုတ်ဂူကိုသွားတာလေ... ကြည့်ရတသံယောဇဉ်တော်တော်လေးတွယ်ခဲ့ကြပုံပဲ...
ဒါတွေကို ငါမေးလို့ပြောပြတာမဟုတ်ပဲ ဂျောင်ကုကိုယ်တိုင် စိတ်လိုလက်ရပြောပြခဲ့တာနော်...။ဂျောင်ကုက သူ့ရဲ့အိမ်ထောင်ဖက်ဖြစ်တဲ့ Jinnie ကိုတောင်မပြောတဲ့အရာကို ငါ့ကိုတော့ပြောပြတယ်ဆိုတော့ တော်တော်လေးထူးဆန်းမနေဘူးလား..."
KAMU SEDANG MEMBACA
I'm Yours (Soy Tuyo)
Fiksi Penggemar🐰 You're my 𝐇𝐞𝐚𝐫𝐭𝐭𝐡𝐫𝐨𝐛 🐹 You're my 𝐃𝐫𝐞𝐚𝐦𝐛𝐨𝐚𝐭