Ken . ဂျီမင်နဲ့ယွန်းဂီတို့က... သုံးယောက်ပေါင်းပြီး အီတလီ brand တစ်ခုဖြစ်တဲ့ အင်္ကျီတွေ. ဖိနပ်တွေအား ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားလှယ်ယူလိုက်သည်။ ဟိုဘက်မှာ လူကိုယ်တိုင်သွားရမယ့်ကိစ္စမျိုးတွေရှိရင် Ken တစ်ယောက်ရှိနေ၍ ပိုပြီးအဆင်ပြေသွားသည်။ဆော့ဂျင်ဆီကိုလဲ လိုအပ်တဲ့အကြံဥာဏ်တွေကိုတောင်းလေ့ရှိ၏။ ဒီနေ့လဲ အလုပ်ကနေအပြန်မှာ Business plan ဆွဲရန် ဆော့ဂျင်ရဲ့ရုံးနှင့်နီးတဲ့ ကော်ဖီဆိုင်မှာချိန်းလိုက်ကြသည်။ Tae ပါ.ပါရင် အထောက်အကူပိုဖြစ်မယ်ဟုထင်တာကြောင့် Tae ကိုကူညီပေးရန် request လုပ်ပြီး ခေါ်လာခဲ့လိုက်သည်။
ဂျောင်ကုအား အကျိုးအကြောင်းရှင်းပြပြီး သူ့အားဝင်မခေါ်ပဲ အိမ်ကိုပြန်နှင့်ရန် ဖုန်းဆက်ထားလိုက်သည်။
အရင်က ဂျောင်ကုအားလိမ်လည်မိလိုက်တဲ့အကျိုးဆက်သည်.. အားလုံးက Tae အား သူ့ရဲ့ ex boyfriend လို့ထင်မြင်နေကြခြင်းပင်။ အရင်ကတည်းက ရည်းစားများတဲ့ ဆော့ဂျင်အတွက် ဒါဟာ အရေးတယူလုပ်ရမယ့်ကိစ္စမဟုတ်တာကြောင့်... ပြန်ရှင်းမနေပဲ ဒီအတိုင်းသာထားလိုက်တော့၏။
Plan ဆွဲဖို့ အချောသတ်ပြီးဖို့ဆိုရင် တစ်ပတ်လောက်ကြာမည့်ကိစ္စဖြစ်တာကြောင့် . အကြမ်းဖျင်းအဆင့်တောင်အစပဲရှိသေးသော်လဲ ကော်ဖီဆိုင်လဲပိတ်တော့မှာမို့ အိမ်ပြန်ခဲ့ကြသည်။
ကားမပါတဲ့သူက အိမ်နဲ့လမ်းကြောင်းအသင့်ဆုံး Tae ရဲ့ကားနဲ့ပဲလိုက်လာခဲ့သည်။ အိမ်ရှေ့ရောက်တော့ ခြံရှေ့မှာလမ်းလျှောက်ရင်း သူ့အားစောင့်နေပုံရတဲ့ ဂျောင်ကုအားတွေ့ရသည်။ Tae အားကျေးဇူးတင်စကားပြောပြီး ကားပေါ်ကဆင်းတာနဲ့ ဂျောင်ကုက သူ့အနားသို့ရောက်လာသည်။
"Tae ပြန်လိုက်ပို့ပေးတာ ဂျောင်ကု . နုတ်ဆက်လိုက်ဦး"
သူပြောလိုက်တော့ ဂျောင်ကုက ကားထဲသို့ငုံ့ကြည့်ကာ နုတ်ဆက်သည်။
"ကျေးဇူးပဲနော် ကင်မ်ထယ်ယောင်း . ကျတော့်အမျိုးသားကို လိုက်ပို့ပေးလို့"
Tae က အသိမှတ်ပြုတဲ့အနေနဲ့ ခေါင်းလေးညိတ်ပြပြီးနောက် နုတ်ဆက်ကာထွက်သွားသည်။ ခြံတံခါးတွန်းဖွင့်ကာဝင်လိုက်ပြီးအပေါ်ထပ်ကို အမှတ်မထင်မော့ကြည့်မိတော့ အခန်းမှန်ပြတင်းမှတစ်ဆင့် သူတို့အားလှမ်းကြည့်နေတဲ့ ဂျောင်ကုရဲ့မိခင်ကိုတွေ့လိုက်၏။
KAMU SEDANG MEMBACA
I'm Yours (Soy Tuyo)
Fiksi Penggemar🐰 You're my 𝐇𝐞𝐚𝐫𝐭𝐭𝐡𝐫𝐨𝐛 🐹 You're my 𝐃𝐫𝐞𝐚𝐦𝐛𝐨𝐚𝐭