ဂျောင်ကု ကိုရီးယားမြေပေါ်သို့ရောက်ရောက်
ချင်း.. ကားပေါ်ကနေ ဆော့ဂျင်ဆီသို့ဖုန်းခေါ်လိုက်မိသည်။ ဖုန်းဝင်သွားတာနဲ့ချက်ချင်းကိုင်
လိုက်တာကြောင့် စိတ်ကျေနပ်ကာပြုံးလိုက်
မိသည်. 'ဆော့ဂျင်လဲ သူ့ကိုလွမ်းနေခဲ့တာပဲ'...။အလွမ်းပြေမျက်နှာလေးအားတွေ့ချင်လို့ သူတို့ရုံးကိုဝင်လာခဲ့မယ်ပြောတော့ . သူမအားဘူးမို့လို့ အိမ်ရောက်မှတွေ့မယ်တဲ့လေ။ ဒီကလဲ ဘယ်ရမလဲ . သူရှိတဲ့အရပ်ဆီကိုပဲဦးတည်သွားကာ နမ်ဂျွန်းhyung ရဲ့ရုံးခန်းထဲမှာသွားပြီး ထိုင်စောင့်နေလိုက်တယ်။
"ကင်မ်ဆော့ဂျင် . CEO က သူ့ရုံးခန်းထဲကိုခဏလာခဲ့ပါတဲ့"
Hyung က သူမေးချင်တာ ပြောပြချင်တာရှိလာရင် ဒီလိုပဲခေါ်တတ်တာမို့ သူ့အတွက်မထူးဆန်းတော့ပေ။ Hyung ရဲ့ရုံးခန်းရှိရာအထပ်သို့တက်လာခဲ့ပြီး အခန်းရှေ့ရောက်တော့ တံခါးခေါက်ကာတွန်းဖွင့်ဝင်သွားလိုက်သည်။
"ဂျောင်ကု..."
အခန်းထဲမှာရှိတဲ့ဆိုဖာတစ်ခုပေါ်မှာ သက်တောင့်သက်သာထိုင်နေတဲ့ ဂျောင်ကုက သူ့ဆီသို့ထလာပြီး လက်နှစ်ဖက်ကိုဆန့်တန်းပေးထားသည်။ အနားသို့ရောက်လာတော့ ထိုလက်နှစ်ဖက်အားကျော်လျှောက်ကာ ဆိုဖာပေါ်မှာသွားထိုင်လိုက်၏။ ထိုတော့မှ သူ့အနားသို့ လာကပ်ထိုင်ပြီး ...
"အာ... ဆော့ဂျင်ကလဲ နဲနဲလေးမှ ro လို့မရဘူး. အမှန်ဆို ကိုယ့်ကိုပြေးဖက်ပစ်လိုက်ရမှာမဟုတ်ဘူးလား"
"အလုပ်လုပ်နေတာကို လာနှောင့်ယှက်တယ်.. . အိမ်ရောက်ရင်တွေ့ရမှာပဲကို . hyung ကရော ဘယ်သွားလဲ"
"Meeting ရှိလို့တဲ့ . ငါလဲအရောက် သူလဲအထွက်နဲ့ အခန်းဝမှာတွေ့တော့ ဆော့ဂျင်ကို ခေါ်ခိုင်းလိုက်တာ။ လွမ်းလွန်းလို့ပြေးလာတာကို နှောင့်ယှက်တယ်လို့မပြောပါနဲ့ ဆော့ဂျင်ရယ် . ကိုယ်တကယ်စိတ်မကောင်းဘူး"
"ငါမအားဘူးလို့ပြောရဲ့နဲ့..."
"ဆော့ဂျင် မကြိုက်ရင် ကိုယ်ပြန်တော့မယ်"
"ကားအနားထိလိုက်ပို့ပေးမယ်နော်..."
ဆော့ဂျင် တကယ်မကောင်းဘူး . သူ့အားမဆွဲထားတဲ့အပြင် ကားနားအထိတောင်လိုက်ပို့ပေးဦးမယ်တဲ့. ကျေးဇူးအတင်ခံပြီး လိုက်ပို့ခိုင်းစရာလား...