တစ်နှစ်ကျော်ကြာပြီးနောက် ...Manhattan မှာ ဝီလျံနဲ့အတူ Business Analyst တစ်ယောက်အနေနဲ့အလုပ်လုပ်နေတာ တစ်နှစ်ပြည့်ခဲ့ပြီ။ ကိုရီးယားကနေထွက်လာပြီးနောက်ပိုင်းမှာ သူ့ရဲ့နေထိုင်မှုပုံစံဟာ စက်ရုပ်တစ်ရုပ်သာသာပင်...။ သူ့ရဲ့အနားသို့ချဉ်းကပ်လာသူတိုင်းကို အိမ်ထောင်သည်ပါလို့ပြောရင် မည်သူကမျှအလွယ်တကူမယုံကြည်ခဲ့ကြပေ။ သူ့ဆီကအချစ်ကိုရဖို့ကြိုးစားသူတိုင်းအား 'သူ့ရဲ့နှလုံးသားက ဆိုးလ်မှာကျန်ခဲ့ပြီ' ဆိုတဲ့စကားနဲ့သာ အားနာစွာဖြင့်တုံ့ပြန်လေ့ရှိ၏။
ပြီးခဲ့တဲ့ ၂လက ဂျောင်ကုရဲ့မိခင်လဲအမှုရှုံးခဲ့ပြီး ထိုက်သင့်တဲ့ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီဖြစ်၏။ သက်သေအခိုင်အမာတွေရှိနေပါရဲ့နဲ့ သူမ၏အပြစ်အားဝန်မခံပဲခေါင်းမာနေခဲ့သူက . သားဖြစ်သူ၏စွန့်ပစ်မှုကိုခံရချိန်မှာတော့ နောင်တအကြီးအကျယ်ရကာ အပြစ်အားလုံးကိုဝန်ခံခဲ့သည်။
သူတို့နောက်ဆုံးတွေ့ခဲ့တဲ့နေ့ရက်ကစပြီး . ဂျောင်ကုနဲ့သူ တစ်ယောက်နှင့်တစ်ယောက်မဆက်သွယ်ဖြစ်ခဲ့တာ ယနေ့ထက်ထိပင်။ ကိစ္စတွေပြီးဆုံးသွားရင် သူ့နောက်ကိုလိုက်လာခဲ့ဖို့ဆက်ဆက်မှာထားခဲ့သားနဲ့ လိုက်မလာသူဟာ . သူ့အား အတော်လေးစိတ်နာနေပုံရ၏။
အခုဆိုရင် ဂျောင်ကုဟာ . Golden Group ရဲ့ CEO နေရာကိုရသွားခဲ့ပြီ။ အလုပ်လုပ်တဲ့နေရာမှာ . အမြော်အမြင်ရှိပြီး မှန်ကန်တိကျပြတ်သားတဲ့ဆုံးဖြတ်မှုတို့ကြောင့် . ရှယ်ယာရှင်တွေ ဒါရိုက်တာအဖွဲ့ဝင်တွေနဲ့ စီးပွါးရေးပါတနာတွေရဲ့ကြားမှာ . ဂျောင်ကုရဲ့ဂုဏ်သတင်းကမွှေးနေခဲ့၏။ ကိုရီးယားနိုင်ငံ၏ အအောင်မြင်ဆုံးလုပ်ငန်းရှင် Top 5 စာရင်းထဲရှိ အသက်အငယ်ဆုံးစီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်လဲ ဖြစ်နေခဲ့ပြီ...။
သူနဲ့ကွာရှင်းခဲ့ပြီဟူသော ကောလဟာလစကားတွေကြောင့် စီးပွါးရေးသမားတစ်ချို့ကလဲ . သူတို့၏သမီးမိန်းကလေးတွေနှင့်လက်ဆက်ရန် ဂျောင်ကုရဲ့ဘက်သို့ကမ်းလှမ်းလာကြသည်။ အခန်းထဲထည့်မပေးရုံဇွတ်တိုးချင်တဲ့သူတွေအား . ဂျောင်ကုဘက်က လိမ္မာပါးနပ်စွာရှောင်ရှားတတ်လို့သာတော်တော့၏။
![](https://img.wattpad.com/cover/367730646-288-k357393.jpg)
KAMU SEDANG MEMBACA
I'm Yours (Soy Tuyo)
Fiksi Penggemar🐰 You're my 𝐇𝐞𝐚𝐫𝐭𝐭𝐡𝐫𝐨𝐛 🐹 You're my 𝐃𝐫𝐞𝐚𝐦𝐛𝐨𝐚𝐭