Taxi တစ်စီးတားပြီး ကားပေါ်ရောက်တာနဲ့ ဂျောင်ကုအား ဖုန်းခေါ်လိုက်ရာ ချက်ချင်းကိုင်လိုက်တာမို့တော်သေးသည်။ ဘယ်ကိုရောက်နေတာလဲ မေးလိုက်တော့ သူနေတဲ့နေရာနဲ့ကားမှတ်တိုင်တစ်ခုစာတောင်မဝေးတဲ့ မလှမ်းမကမ်းက ဟိုတယ်တစ်ခုမှာတဲ့လေ။ Taxi driver အား ဟိုတယ်နာမည်နဲ့တည်နေရာကိုပြောလိုက်တော့ သူ့အားဟုတ်ရဲ့လားဆိုသောအကြည့်ဖြင့်ပြန်ကြည့်၏။ဟိုတယ်ရှေ့သို့ ကားထိုးရပ်လိုက်တာနဲ့ ကားပေါ်မှကပျာကယာဆင်းလိုက်တော့ ဟိုတယ်အတွင်းမှပြေးထွက်လာတဲ့ ဂျွန်ဂျောင်ကုဆိုသော သူ့ရဲ့အမျိုးသားက သူ့ရဲ့ခန္ဓာကိုယ်လေးအား ခါးမှနေကောက်ချီလိုက်ပြီး လေထဲမှာ လေး.ငါးပတ်လောက်ဝှေ့ရမ်းလိုက်၏။
သူ့နှုတ်ခမ်းကိုတစ်ချက်ဖိကပ်နမ်းပြီးတော့မှအောက်သို့ပြန်ချပေးလိုက်တော့ ဘေးနားကနေ ပြုံးစိစိနဲ့ကြည့်နေတဲ့သူတွေအား ဆော့ဂျင်မှအရှက်ပြေလေးပြန်ပြုံးပြလိုက်သည်။
"အချစ် ကိုယ့်ဆီကိုတကယ်လိုက်လာတယ်နော်"
"Omm... မခွဲနိုင်လို့ လိုက်လာတာ"
"ချစ်လိုက်တာ ဆော့ဂျင်ရယ်. ချစ်လွန်းလို့ ကိုယ်ဘယ်လိုလုပ်ရပါ့မလဲ..."
ဂျောင်ကုက သူ့အားတင်းတင်းကြပ်ကြပ်ပွေ့ဖက်ပြန်တော့ သူ့မှာအထဲသို့ဝင်ကြရန် သတိပေးရသည်။ ဟိုတယ်အခန်းထဲသို့ရောက်လို့ ဆော့ဂျင်က အခန်းအနေအထားကိုလိုက်ကြည့်နေတော့ ဂျောင်ကု သူ့ဘေးနားကမခွါပဲ တောက်လျှောက်လိုက်ကပ်နေ၏။
"အခန်းခက စျေးကြီးမယ့်ပုံပဲနော်..."
"အခန်းခထက် ရွှေထက်ရှားပါးတဲ့ ကိုယ်တို့ရဲ့တွေ့ဆုံချိန်လေးက ပိုပြီးတန်ဖိုးရှိတယ်မဟုတ်ဘူးလား"
"အခု ငါ့ကိုစိတ်မဆိုးတော့ဘူးမလား"
"လူတစ်ယောက်လုံးကိုယ့်အနားရောက်လာမှတော့ စိတ်ဆိုးစရာလိုသေးလား။ ကိုယ့်ဘက်ကသတိရလွန်းလို့ပြေးတွေ့ချင်လာရင် အမြန်ရောက်အောင်ဆိုပြီး ဒီဟိုတယ်ကိုရွေးခဲ့ပေမယ့် ... ဆော့ဂျင် လိုက်လာလိမ့်လို့ ကိုယ်.လုံးဝထင်မထားဘူး"