🩶 14

234 35 13
                                    




ဂျီမင်တို့နဲ့တစ်ဖွဲ့တည်းဖြစ်သွားတဲ့ Tae ဟာ အခုဆိုရင် အရင်လိုအပေါင်းအသင်းမရှိပဲ တစ်ယောက်တည်းမဟုတ်တော့ပေ။ ဂျောင်ကုရဲ့မိခင်မှာ... Tae အား Golden Group မှာ အလုပ်ခန့်လိုက်တာနဲ့ပတ်သက်ပြီး . ဆော့ဂျင်အပေါ်မကျေနပ်သော်လဲ သူမ၏ဖခင်ကိုယ်တိုင်ခွင့်ပြုခဲ့သည့်ကိစ္စဖြစ်တာမို့ ဘာမှမတတ်နိုင်ခဲ့ပေ။

ညစာစားပြီးလို့ အခန်းထဲပြန်ရောက်ကြတော့ ဆော့ဂျင်က အရင်ညတွေလို . သူ့ရဲ့စာကြည့်စားပွဲဆီသို့မသွားပဲ...ဂျောင်ကုရဲ့အနားသို့ရောက်လာပြီး မထင်မှတ်ထားသောစကားတို့ကိုဆိုသည်။

"ဘယ်လို scholar ရွေးချယ်ခံရတယ် ဟုတ်လား။ ဆော့ဂျင်က ဘယ်တုန်းကလျှောက်ထားလို့လဲ . ကိုယ်လဲဘာမှမသိရပါလား"

"ဟုတ်တယ် . မေမေတို့ကိုပဲပေးသိထားတာ။ ရ.မရမသေချာသေးတော့ ဘယ်သူ့ကိုမှပြောမပြဖြစ်ဘူး။ ငါကျောင်းပြီးကတည်းက UK ရဲ့ MBA scholar ရဖို့ကြိုးစားနေခဲ့တာ . ပထမအကြိမ်
တုန်းက . လုပ်ငန်းအတွေ့အကြုံကလဲမရှိသေးတော့ အားနည်းချက်တွေများလို့ထင်တယ်. reject ဖြစ်ခဲ့တယ်..."

တစ်မိုးအောက်ထဲမှာအတူရှိနေတဲ့ ခင်ပွန်းသည်အား တစ်ခွန်းတစ်လေတောင်ဖွင့်ဟတိုင်ပင်ခြင်းမရှိတဲ့သူဟာ...သူ့အလွန်မရှိသလိုပုံစံမျိုးနဲ့ပြောနေပြန်သည်။

"ဒါဟာ. ငါလုပ်ချင်တဲ့အရာတွေကိုအကောင်ထည်ဖော်ဖို့အတွက် အထောက်အကူပြုမယ့် အရာတွေထဲကတစ်ခုပါ..."

"ကိုယ့်ကို အရိပ်အမြွက်လေးတောင် မပြောခဲ့ပါလား ဆော့ဂျင်ရယ်..။ ဘယ်တော့သွားရမှာလဲ . ဘယ်နှနှစ်တက်ရမှာလဲ"

"၁နှစ်ထဲပါ .နောက် ၃လနေမှသွားရမှာ...မသွားခင် ပြင်ဆင်စရာရှိတာတွေကို ကြိုပြီးပြင်ဆင်ရဦီးမှာပေါ့"

"ကိုယ်သိသလောက်ကတော့ Global online class ဆိုတာလဲရှိတာပဲ . ဒါဆိုဟိုအထိသွားစရာမလိုဘူးမလား..."

"အဲ့ဒါက scholar သမားတွေမရဘူး ဂျောင်ကု . နောက်ပြီး အချိန်ကလဲ ၂နှစ်ခွဲလောက်ပေးရတယ်။ အခုငါတက်မှာက Skoll MBA
ဆိုတော့ စရိတ်ကြီးတယ် . ငါ့အတွက်တော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်ဖို့ဆိုတာ အခုချိန်မှာမဖြစ်
နိုင်သေးဘူးလေ"

I'm Yours (Soy Tuyo)Where stories live. Discover now