မုဆိုးကြီး၏ အပင်တူးခရီး

5.9K 827 11
                                    

အပိုင်း (၁၅၆) မုဆိုးကြီး၏ အပင်တူးခရီး

"ခဲအိုကတော့လေ ဒုတိယအစ်ကိုကို အရမ်းအလိုလိုက်တာပဲ ရုံဟွာတော့ တကယ်ပဲအားကျမိပါတယ်"

ပိုင်လီက ထိုစကားကို မသိချင်ယောင်ဆောင်လိုက်၍ လဲ့ရှီကိုသာ မေးလိုက်လေသည်။

"မနက်အစောကြီးပဲဆိုတော့ ဘာကိစ္စများရှိလို့လဲဗျ"

ဒါကိုကြားတော့ လဲ့ရှီက ငါ့သားမက်အိမ်ကိုလာတာ ဘာကိစ္စရှိရမှာလဲလို့ စိတ်ထဲတွင် ပြန်အော်လိုက်သော်လည်း သူမက အပြင်ပန်းတွင်တော့ ပြုံးနေခဲ့ပေသည်။

"ဘာလို့ရမှာလဲ မင်းတို့ မကြာခင် အိမ်မှာပွဲတစ်ခုလုပ်ဖို့ရှိတယ်မလား ဒါကြောင့် ငါတို့က ရှောင်ဟန်ကို ကူညီဖို့လာခဲ့တာပေါ့"

ယခုတွင် ရှောင်ဟန်က ဤအိမ်တော်၏ သခင်မနေရာတွင် ရှိနေတာဖြစ်သည်။ ဒါကြောင့် ထုံးစံအတိုင်းဆို အိမ်မှာ ပွဲလမ်းသဘင်ရှိရင် ရှောင်ဟန်က စီစဥ်ရမှာပါပဲ။

ဒါပေမယ့် လဲ့ရှီတို့ဆိုလိုချင်တာက ဒါက အိမ်တော်ကြီးမှာ ပွဲကြီးတစ်ခုစီစဥ်ဖူးတာက ရှောင်ဟန်ရဲ့ပထမဦးဆုံးမလို့ သူမတို့က ကူညီဖို့ ရောက်လာရသည်ပေါ့လေ။

ပိုင်လီကပြုံးလိုက်မိ၏။ တကယ်တော့အဲဒီနေ့အတွက်ပိုသူနဲ့ရှောင်ကအတူတူတိုင်ပင်ပြီးပြင်ဆင်ထားပြီးပါပြီး။ပြီးတော့သူတို့အိမ်မှာအစေခံတွေလည်းရှိနေတာပဲလေ။ ဘာကိုအဆင်မပြေစရာရှိရမှာလဲ။

ဒါကြောင့် ပိုင်လီက...

"အဲဒါဆိုရင်တော့ စိတ်ပူစရာမလိုတော့ပါဘူး အကုန်စီစဥ်ပြီးသွားပြီမလို့ပါ ကျွန်တော်က ဘယ်လိုလုပ်ပြီးများ ရှောင်ဟန်တစ်​ယောက်ထဲ အပင်ပန်းခံခိုင်းမှာလဲ "

လဲ့ရှီသည် သူမအပြုံးကို မနည်းပင် ထိန်းသိမ်းထားရပေသည်။

စိတ်ပူစရာမလိုတော့ဘူးဆိုတာ ဘာစကားလဲ။ ငါတို့က ဒီအိမ်မှာ ဝင်ပြီးစီမံခန့်ခွဲနိုင်ဖို့ ခြေလှမ်းပျိုးနေတာလေ!။

သို့သော် ယခုတော့ ထိုအကြံက အလုပ်မဖြစ်တော့သဖြင့် သူမကတခြားအကြံကိုသာ ပြောင်းရုံပဲ ရှိတော့လေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now