အပိုင်း (၁၈၅)

6.7K 736 16
                                    

အပိုင်း (၁၈၅)

နောက်တော့ သူတို့တွေက ပျက်စီးသွားတဲ့ သစ်သီးတွေကို စိတ်မသက်မသာဖြစ်စွာ ကြည့်နေကျရင်း ဝမ်မိသားစုနဲ့ပိုင်မိန်တို့အလာကို စောင့်နေလိုက်ကျပေသည်။

ပိုင်လီကတော့ အသီးတွေက ပြန်မကောင်းနိုင်တာသိတာမလို့ သူက ကလေးတွေကို ကစားခွင့်ပေးထားလိူက်ပါတယ်။

သူတို့လေးတွေက အစမှာတော့ မဝံ့မရဲဖြစ်နေသေးပေမယ့် ပိုင်လီက တကယ်ခွင့်ပြုပေးတာ နားလည်သွားတော့ ပျော်ရွှင်စွာပဲ လှပတဲ့သစ်သီးနဲ့ ကစားနေကျလေရဲ့။

ထို့နောက် သိပ်မကြာခင်မှာပင် ဆူညံသံတွေနှင့်အတူ ဝမ်မိသားစုရောက်လာခဲ့ပြီး ပိုင်မိန်လည်းပါလာခဲ့ကာ ပိုင်စန်းကတော့ ခြံထဲမှာ သူ့အစ်ကိုတွေ ရောက်နေတာမြင်မှ စိတ်သက်သာစွာ သက်ပြင်းချလိုက်လေတော့သည်။

သူက ရှောင်မိန်ကို တကယ်မနိူင်ပါဘူး။ အဲဒီကောင်မလေးက ဝမ်လေကိုဝင်ရိုက်တာကို သူမနည်းဆွဲခဲ့ရတာလေ။

သို့သော် သူ၏ဆွဲမှုက အလုံးစုံတော့ တားနိုင်ခြင်းမရှိပါချေ။ ဒါကြောင့် ပိုင်မိန်က ဝမ်လေကို အချက်ရေအနည်းငယ်လောက် ရိုက်မိသွားခဲ့ပါသေးတယ်။

သေချာပေါက် ဝမ်မိသားစုကတော့ ဒါကိုမကျေနပ်ကျဘူးပေါ့။ သူတို့က အိမ်ထိလာရန်စသည့် ပိုင်မိန်ကို ပြန်၍ ဝိုင်းလုပ်ဖို့ကြသော်လည်း ပိုင်စန်းက အချိန်မှီဝင်ဆွဲခဲ့ကာ အသံတွေကြောင့် ဘေးပတ်ဝန်းကျင်ကလူများကလည်း ရောက်လာကျပြီးဝင်ဆွဲခဲ့သဖြင့် ပိုင်မိန်ကတော့ ထိခိုက်မိခြင်းမရှိခဲ့ပေ။

ဒါကြောင့် ဝမ်မိသားစုဆို ဒေါသတကြီးနဲ့ပါပဲ။

ဝမ်လေက ပျက်စီးနေတဲ့အသီးတွေနားမှာ ရောက်နေတဲ့ ပိုင်လီကိုမြင်တာနဲ့ သူကပြေးလာ၍ မတရားခံသည့်လေသံနှင့် အရင်ပြောလာခဲ့လေသည်။

"အစ်ကိုပိုင်လီ အစ်ကိုရောက်ပြီပေါ့ ဒီမှာ အစ်ကို့ညီမက ကျွန်တော့်ကို ဘယ်လိုလုပ်လိုက်လဲဆိုတာ ကြည့်ပါဦး"

ပိုင်လီက ကလေးမချီထားတော့ပေမယ့် သူ့ဘေးတစ်ဖက်စီမှာ ရှောင်ဟန်နဲ့ပိုင်ကျန်းတို့ ရှိနေခဲ့တာဖြစ်၏။ ဒါကြောင့် ဝမ်လေက ပိုင်လီရဲ့ဘေးကိုကပ်လို့မရတော့ဘဲ သူက ရှေ့နားမှာပဲရပ်ရုံသာ တတ်နိုင်ပါတော့လေသည်။

အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now