အပိုင်း (၁၈၈) ဇနီးလေးကိုဂရုစိုက်ပေးသော်လည်း ဇနီးလေးကဆန္ဒပြ
ပိုင်လီက ပြန်လာချိန်တွင် သူ့ဇနီလေးက ပန်းထိုးနေတာတွေ့တော့ အနားကပ်သွားပြီး ပြောလိုက်လေသည်။
"မင်းပြောတော့ ဒီရက်ပိုင်း ပန်းထိုးတာနားပါ့မယ်ဆို ဟမ်"
ပန်းထိုးစသင်ပြီဆိုထဲက ရှောင်ဟန်သည် အလွန်ပင်စိတ်ဝင်တစားရှိလှသဖြင့် အချိန်ပြည့် ထိုအရာနှင့်သာ ကုန်ဆုံးနေပြီး ပိုင်လီကတောင် အနည်းငယ်အနားယူဖို့ ပြောနေခဲ့ရတာဖြစ်သည်။ ဒါကြောင့်သူက ပိုင်ကျန်းလက်ထပ်ပွဲကိုအကြောင်းပြပြီးသူ့ဇနီးကိုအနည်းငယ်နားခိုင်းခဲ့တာပါ။
ဒါပေမယ့် ကြည့်လေ။ ဒီကောင်လေးက အသေးလေတွေရဲ့ ဖေဖေလို့မပြောရဘူး သူအနားမှာ ခဏလေးမရှိလိုက်တာနဲ့ အဲတာကိုလုပ်နေပြီ။
ရှောင်ဟန်က သူကတိပေးထားတာကို မမေ့ပေမယ့် အသေးလေးတွေက အိပ်သွားပြီး ပိုင်လီလည်း အပြင်ထွက်သွားတာကြောင့် အနည်းငယ်ပျင်းရိနေသဖြင့် ဒါကိုကောက်ကိုင်လိုက်မိတာဖြစ်၏။ ဒါပေမယ့် သူ့ခင်ပွန်းက ခဏလေးနဲ့ပြန်လာမယ်လို့တော့ ဘယ်ထင်ပါ့မလဲ။
ဒါကြောင့်သူက ထိုအလုပ်ကို ချက်ခြင်းဘေးဖယ်လိုက်ပေမယ့် သူစကားမတည်တာကို ဝန်မခံချင်သဖြင့် မသိချင်ယောင်ဆောင်ကာ စကားလွဲလိုက်လေသည်။
"ဘယ်သွားတာလဲ ခဏလေးပဲရှိသေးတယ်"
အသေးလေးတွေက အိပ်သွားပြီဖြစ်၍ ပိုင်လီကသေချာပေါက် ကလေးတွေထံသွားတာတော့ မဖြစ်နိုင်ပေ။ ပြီးတော့ ဒီလောက်အချိန်တိုလေးနဲ့က ပိုင်အိမ်ကိုသွားလည်တာလည်း မဖြစ်နိုင်ဘဲ သွားရင်လည်း ပိုင်လီက သူ့ကိုပြောနေကျမလို့လေ။
အရင်အရင်တုန်းကဆိုရင်တော့ ရှောင်ဟန်က ဤသို့မေးရဲမည်မဟုတ်ပေမယ့် နောက်ပိုင်းမှာ သူက ပိုင်လီနှင့် အတော်လေး ဆက်ဆံရေး ပြေလည်လာတာဖြစ်သဖြင့် ဤသို့ ပိုင်လီဘယ်သွားလဲဆိုတာမျိုးကို မေးရတာ သဘောကျလာခဲ့တာဖြစ်၏။ သူမေးတတ်တာကို ပိုင်လီကလည်း စိတ်မဆိုးတော့ သူက ပိုင်လီဘယ်သွားလဲ မသိတိုင်းမှာ မေးတတ်လာခဲ့ပါတယ်။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ