အပိုင်း (၁၈၁) အစဥ်အေးချမ်းခြင်းကားမရှိသေး
ပိုင်လီက ချောင်ရန်ရဲ့ မဲမှောင်နေတဲ့ မျက်နှာကြီးကိုမြင်ထဲက ဤပွဲတွင် ချောင်ချင်းချင်းက အနိုင်ရသွားပြီဖြစ်မှန်း ရိပ်မိလိုက်သည်ပင်။
ဒါကြောင့် သူက သူ့ရဲ့မိတ်ဆွေကြီးကို နှစ်သိမ့်လိုက်ပါတယ်။
"အစ်ကိုကြီးချောင် စိတ်လျော့ပါဗျာ ကလေးတွေဆိုတာက သူတို့လိုချင်တာပဲ သိတာမဟုတ်လားဗျ"
ဤသို့ဖြင့် ပိုင်လီသည် ဖြေသိမ့်ရေးတရားတွေ ဟောတော့မည်ဖြစ်သော်လည်း သူထိုမျှလေး ပြောရုံလေးဖြင့် ချောင်ရုံကနှာမှုတ်ကာ မြင်းလှည်းထဲက ချောင်ချင်းချင်းကို ပွေ့ချီသွားပြီး အိမ်တော်ထဲသို့ဝင်သွားခဲ့လေသည်။
ပိုင်လီကရယ်လိုက်ပြီး သူက ဒါကို စိတ်ထဲမထားပါဘူး။ ဘာလို့ဆို သူ့မိတ်ဆွေကြီးတို့မှာ အနီးကပ်ချစ်စရာက ဒီကလေးမလေးတစ်ယောက်ထဲ ရှိနေသလိုဖြစ်နေပြီး အခုဆို ခွဲနေသလိုနီးပါး ဖြစ်သွားမှာမလို့ သူတို့ဘယ်လောက် စိတ်မကောင်းဖြစ်နေမလဲဆိုတာ သိနေလို့ပါပဲ။
ထို့ကြောင့် ပိုင်လီက အိမ်ထဲလိုက်ဝင်သွားလိုက်ပြီး သူက ကျားယန်ကို အခန်းတစ်ခန်းအမြန်ပြင်ခိုင်းလိုက်၍ ချောင်ချင်းချင်းကို ထိုအခန်းထဲသို့ယာယီပို့ထားလိုက်လေသည်။
ဒီကလေးမလေးက ဒီမှာနေတော့မှာဆိုရင် သူမမှာကိုယ်ပိုင်အခြွေရံတွေလည်း ပါလာတာမလို့ ပိုင်လီကသူမအတွက် နောင်မှာ ခြံဝန်းသီးသန့်ပြင်ပေးမှာ။
သို့သော် လတ်တလောမှာတော့ ထိုကလေးမလေးကသူ့မိဘတွေကို အစာမစားဘဲ ဆန္ဒပြထား၍ အနည်းငယ် နေမကောင်းဖြစ်နေကာ ၎င်းကို အရင်ကုသရဦးမှာပင်။
ဒါပေမယ့် စိုးရိမ်စရာတော့မရှိပါဘူးလေ။ အခု သူမလေးက ဆန္ဒပြည့်သွားပြီဆိုတော့ မကြာခင် နေပြန်ကောင်းလာမှာပဲ မဟုတ်လား။
ထို့ကြောင့် ချောင်ရန်နှင့်ပိုင်လီသည် ချောင်ချင်းချင်းကို ရှောင်ဟန်လက်ထဲထားခဲ့၍ နောက် သူတို့ကစကားပြောဖို့ ဥယျာဥ်ထဲက နားနေဆောင်သို့ ထွက်လာကျတော့ကာ စကားပြောဖို့ဟုဆိုသော်လည်း ချောင်ရန်က ကလေးကြီးလို စိတ်ကောက်နေသဖြင့် ပိုင်လီကသာ တစ်ဖက်သက် ပြောနေခဲ့ရတာပင်။
YOU ARE READING
အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ (Completed) အမှိုက်ကောင်လေး၏ ပျော်ရွှင်ဖွယ်ဘဝ