Uni
အပိုင်း ၁
~~~~~~~~သူ့ အမည်က မျိုးဂုဏ်ရောင်။
အသက်ကတော့ ၂၈ ဝန်းကျင်လောက်ရှိလေပြီဖြစ်သည်။
အသက်သာငယ်သော်လည်း စီးပွားရေး လောကမှာတော့ ဒိတ်ဒိတ်ကြဲ လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။
မျိုးဂုဏ်ရောင် ဆိုသော အမည်ကြားရုံဖြင့် စီးပွားရေးလောကမှာ မသိသူ မရှိသလောက်ပင် ထင်ရှားသူဖြစ်သည်။"သားဒီနေ့ဘယ်သွားစရာရှိသေးလဲ"
ဒီနေ့ ရုံးပိတ်ရက်ဖြစ်သောကြောင့် ဒေါ်ချိုလဲ့ရီ မေးလိုက်ခြင်းဖြစ်သည်။
"ဘယ်မှတော့သွားစရာမရှိပါဘူး မာမီ"
"ဟယ် ဦး တကယ် ဒီနေ့သွားစရာမရှိဘူးလား"
အသံလေးတစာစာနဲ့ အိမ်ထဲဝင်လာပြီး မေးလိုက်သူလေးက ဒယ်ဒီတို့ မာမီတို့ရဲ့ အချစ်တော် ဘေဘီချစ် ဆိုသော ချာတိတ်လေးဖြစ်သည်။
ဂုဏ် သူမလေးကို ပြုံးပြလိုက်ပြီး
"ဘယ်မှ သွားစရာမရှိဘူး ချာတိတ်က ဘယ်သွားချင်လို့လဲ"
"အဲ့ဒါဆို ဘေဘီ ဘုရားသွားချင်တယ် ဘေဘီ ကိုလိုက်ပို့ပေးပါလား"
"သဘောပါဗျာ သဘောပါ"
"ဟေ့ အဲဒါကြောင့် ဦးကို ချစ်တာ"
ဘေဘီ ပြုံးရွှင်ကာ ကလေးတစ်ယောက်လို ရေရွတ်လိုက်သော အပြောလေးကြောင့် ဂုဏ် သဘောကျကာ ရယ်လိုက်မိလေသည်။
ဒေါ်ချိုလဲ့ရီ ကတော့ သားနဲ့ ထိုကလေး လေးကိုကြည့်၍ ယဲ့ယဲ့လေး ပြုံးနေမိသည်။
ဘေဘီချစ် ဆိုတာ ဒေါ်ချိုလဲ့ရီ ရဲ့ သူငယ်ချင်း ဒေါ်မေဇင်နိူင် ရဲ့ တစ်ဦးတည်းသော သမီးလေးဖြစ်သည်။
အသက်က ၁၉ နှစ်အရွယ်ရှိ သူမလေးသည် ဒုတိယနှစ် ကျောင်းသူ ဖြစ်လေသည်။ဒေါ်ချိုလဲ့ရီ နှင့် ဒေါ်မေဇင်နိုင် တို့ခြံက ဘေးချင်းကပ်လေးပင်ဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~"မောင်နဲ့ ဘေဘီဆိုတဲ့ တစ်ယောက်က ဘာတွေလဲ"
မယုံသလို မျက်ဝန်းများဖြင့် သူကို ဝေ့ကြည့်ပြီး မေးလာသော ချစ်သူကို ဂုဏ်စိတ်ပျက်သွားမိလေသည်။
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"