23 U/Z

86 4 0
                                    

Uni

"အပိုင်း ၂၃"

မိခင်ကြီးကို ဖြစ်ခဲ့သမျှ အကြောင်းစုံပြောပြပြီး သားကို ကြည့်ကာ သူမှာ မျက်ရည်တွေ အတားအဆီးမဲ့ ကျဆင်းနေရသည်။ သူ့ သားလေး သူကြောင့် ဒုက္ခရောက်ခဲ့ရသည့် ဟူသော အသိက သူ ဦးနှောက် သူအတွေးတွေထဲ ဝင်လာလေ သူ ကိုယ့်သူ မုန်းမိလေ ဖြစ်သည်။

ဒေါ်ခိုင်ချိုလည်း မြေး ဖြစ်သူကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရလေသည်။ သူမတို့ အနားမှာ မြေးတစ်ယောက်လုံး ရှိနေခဲ့သည်ကို မသိခဲ့ရကောင်းလား ဆိုသည့် စိတ်က သူမရင်ထဲ တိုးဝင်လာလေ သူမ မြေးကို သနားရလေဖြစ်သည်။ မြေး ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေကို မြင်ရလေ သူမ ရင်ထဲ နာကျင်လေ ဖြစ်သည်။

"ဒါ ဒါ ကျွန်မ သားလား"

တိတ်ဆိတ်နေသော ဧည့်ခန်းထဲကို  မျက်ရည်တွေဖြင့် ပြေးဝင်လာသော သူမ။ သူမသည် မျိုးဂုဏ်ရောင်ကို မကြည့်ဘဲ မျိုးဂုဏ်ရောင်၏ ရင်ခွင်ထဲရှိ သားထံ အကြည့်တွေသာ ရောက်သွားပြီး မျိုးဂုဏ်ရောင် လက်ထဲမှ သားကို ပွေ့ယူလိုက်သည်။

"သား မေမေ သားလေး"

တိုင်း ပြောပြလိုက်၍ သူမ မာမီခိုင်အိမ်ကို ပြေးလာခဲ့ခြင်း ဖြစ်သည်။  ဦးဆီမှာ ဟန်နီသားအဖြစ် ရှိနေတာ သူမ သားလေးတဲ့လေ။ အမှန်တရားတွေက သိပ်ကို ခါးသက်လွန်းသည်။ သူမ မွေးဖွားချိန်တွင် မွေးဖွားပေးခဲ့သည် ဆရာဝန်သည် ဟန်နီ သူငယ်ချင်းဖြစ်ပြီး ဟန်နီ နှင့် နဂိုကတည်းက ကလေးခိုးယူရန် အစီအစဥ်ဆွဲထားခြင်း ဖြစ်သည်။ မွေးခန်းထဲတွင် သူမကို မွေးပေးခဲ့သော သူနာပြု သုံးဦးအားလည်း ငွေဖြင့် နှုတ်ပိတ်ခဲ့ခြင်းဖြစ်သည်။ ထိုဆရာဝန်သည် သူမ ကလေးအား သေပြီဟု လိမ်ညာကာ ဟန်နီအား ကလေးပေးခဲ့ခြင်း ဖြစ်သည်။ ထိုအမှုသည် ဆေးရုံအုပ်နှင့်လည်း ပတ်သတ်နေသဖြင့် ဘေဘီ တရားစွဲရန် တိုင်းနှင့် စီစဥ်နေပြီ ဖြစ်သည်။ 

မွေးဖွားပေးခဲ့သော ဆရာဝန်နှင့် ဆေးရုံအုပ်သည် ထိုဆေးရုံမှ ပြောင်းသွားကြပြီ ဖြစ်သော်လည်း ဘေဘီသည် သူတို့အား ရေဆုံးမြေဆုံးလိုက်ရှာကာ တရားစွဲမည် ဖြစ်သည်။ ဟန်နီဆိုသည့် မိန်းမကိုတော့ သတ်ချင်စိတ်တွေ ဖြစ်မိသော်လည်း သူမ မသတ်နိုင်။ သူမမှာ သားနှင့် သမီး ရှိနေသေးသည်။ သားနှင့် သမီး အတွက် သူမ ရှင်သန်နေမှ ဖြစ်မည်။ ထိုကြောင့် ထိုမိန်းမကို တစ်သတ်တကျွန်းကျရန် ထောင်ချပစ်ရန် ကြိုးစားနေပြီ ဖြစ်သည်။

နှလုံးသားကိုရင်း၍Where stories live. Discover now