Uni
"
"အပိုင်း ၂၅"
ရာပြည့်ကျော် အပါအဝင် ကလေးခိုးမှုတွင် ပါဝင်ပတ်သတ်ခဲ့သော ဆရာဝန်နှင့် ကူညီခဲ့သူအားလုံးကို တရားစွဲထောင်ချနိုင်ခဲ့သည်။ ဟန်နီ ပြစ်မှုများသည်လည်း ပေါ်ပေါက်ခဲ့သည်။ ကလေးခိုးမှု။ ကလေးသူငယ်ညှင်းပန်းမှုများ ပေါ်ပေါက်ခဲ့သော်လည်း သူမ ခံစားရမည် ပြစ်ဒဏ်အား မျိုးဂုဏ်ရောင် သေဒဏ်ပေးခဲ့ပြီ ဖြစ်သည်။ မျိုးဂုဏ်ရောင်သည်လည်း ဟန်နီအား ပြစ်မှုမြောက် သတ်ခဲ့သဖြင့် ထောင်ဒဏ် ၁၀ နှစ်ကျခံခဲ့သည်။
သို့သော်လည်း သူ ကျေနပ်ပါသည်။ သူဘဝတစ်ခုလုံးကို ဇောက်ထိုးဖြစ်စေခဲ့သော မိန်းမယုတ်တစ်ဦးကို သူလက်နှင့် စီရင်ချက်ချနိုင်ခဲ့၍ လွန်စွာ သူကျေနပ်သည်။ နောက်ဆုံး အမိန့်ချပြီး ချိန်တွင် သူကို မျက်ရည်တွေဖြင့် ငေးကြည့်နေသော မာမီ။ ပြီးတော့ သူမ။
"သားကို ခွင့်လွှတ်ပါ မာမီရယ်"
"သား မာမီသားလေး"
လက်အုပ်ချီ၍ သူ မာမီကို တောင်းပန်လျှင် မာမီ သူကို မချိတင်ကဲ ကြည့်၍ စကားဆိုလာ၏။
"ကောင်းကောင်းမွန်မွန် ပြန်လာရမယ်နော် သား။ ဒါတစ်ခုတော့ မာမီကို ကတိပေးရမယ်နော်"
မာမီ စကားကြောင့် သူ မျက်ရည်တွေကြားမှ ခေါင်းညိတ်မိသည်။
"သား ကတိပေးပါတယ်မာမီ။ ဒီနှစ်တွေထဲမှာ မာမီ ကောင်းကောင်းမွန်မွန် ရှင်သန်ပေးပါ။ ဘေဘီနဲ့ မာမီမြေးလေးတွေကို စောင့်ရှောက်ပေးပါ"
"သားရယ်"
ဒေါ်ခိုင်ချို တစ်ယောက် သားကို ယခုပုံစံဖြင့် တွေ့နေရသည့်ကို ရင်ထဲမချိလှပေ။ သူမ အကောင်းဆုံးပျိုးထောင်ခဲ့သည့် သားက အခုလက်ထိပ်ခက်လျက်။ အို သူ ဒယ်ဒီသာ အခုချိန် သက်ရှိထင်ရှား ရှိနေသေးရင် ဘယ်လောက်တောင်များ ရင်ထဲမချိလိုက်မလဲ။
သူ မာမီကို လက်အုပ်ချီကာ ကန်တော့လိုက်သည်။ ပြီးမှ ဘေဘီဆီကို သူလျှောက်သွားကာ
"အရာရာအားလုံးအတွက် တောင်းပန်ပါတယ် ဘေဘီရယ်"
"ဟင့်အင်း။ ဒီစကားတွေ မပြောပါနဲ့တော့ ဦးရယ်"
YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"