14 U/Z

831 24 0
                                    

Uni

"အပိုင်း ၁၄

"သမီးကို ခွင့်လွှတ်ပါ မာမီရယ်။ ဘေဘီ အမှန်ဆို အဆက်အသွယ် မဖြတ်ခဲ့သင့်ဘူး"

သမီးလေး နှင့် သူ့ အဘွားကို ဘေဘီရင်ထဲက လှိုက်လှဲစွာတောင်းပန်မိသည်။ မာမီသည် မျက်ရည်တွေကြားမှ ဘေဘီကို ပြုံး၍ ကြည့်ပြီး

"သမီးမှာ အပြစ်မရှိပါဘူးကွယ်။ သမီး နေရာမှာ မာမီကိုယ်တိုင်လည်း ဒီလိုပဲ ဆုံးဖြတ်မိမှာ။ ဟိုမှာ တစ်သတ်လုံး အခြေမချဘဲ ဒီကို ပြန်လာခဲ့တာကိုပဲ မာမီက ကျေးဇူးတင်နေပါပြီကွယ်"

မေမေ မရှိတော့သည့် နောက်တွင် ဘေဘီ  သည် မြန်မာပြည်ကို ခြေမချတော့ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် အကြောင်းတစ်ခုကြောင့် ဘေဘီ ပြန်လာခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းအရာသည် ဘေဘီရင်ထဲမှ ဆူးနေသော ဆူးတစ်ချောင်းကို နှုတ်ရန် ဖြစ်သည်။

"သမီးကို မာမီလေ သိပ်သတိရနေခဲ့တာ။ ​မြေးလေးကိုလည်း သတိရနေတာ။ မာမီမြေးလေးကို မာမီဆီ ပြန်ခေါ် ခဲ့ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ သမီးရယ်"

ဒေါ်ခိုင်ချိုတစ်ယောက် ရင်ထဲမှာ ဖြစ်ပေါ်လာသည့်ဝမ်းသာ ဝမ်းနည်း စိတ်တို့ဖြင့်  မြေးကိုသာ ခပ်တင်းတင်းပွေ့ထားလိုက်မိသည်။
~~~~~~~~~~~~~~~~~~~~~~~~

နောင်တဆိုတည နောင်မှရသည်တဲ့။ အဲ့ဒီလိုပဲ။ မျိုးဂုဏ်ရောင် ဆိုသည့် လူတစ်ယောက်၏ ဘဝသည်လည်း နောင်တတွေနှင့် အလဲလဲအပြိုပြိုဖြစ်ခဲ့ရသည်။ သူမလေးကို မလိုချင်းဘူးဆိုသည့် အကြောင်းပြချက်နှင့် ကွာရှင်းခဲ့တာလဲ သူပဲ။ ပြန်လိုချင်ခဲ့တော့လဲ သူသာဖြစ်သည်။ 

သူမလေးနှင့် အတူနေခဲ့ဖူးသည့် အိမ်ကိုရောက်တိုင်း သူမလေး၏ အငွေ့အသက်တွေကို ခံစားမိလေ။ သူစိတ်တို့ ခြောက်ခြားလေ ဖြစ်သည်။ အခုထိ မယုံနိုင်သေးပေ။ ဟန်နီ နှင့် သူ မှားယွင်းခဲ့သည်ကို။ သူစိတ်ထဲမှာ ထိုညက သူထံ ဘေဘီရောက်လာခဲ့သည်ဟုသာ ထင်နေမိသည်။ ထိုညက ဘေဘီ ဂျပန်ပြန်တော့မည့် စကားကို ဒုတိယတစ်ကြိမ်ကြားခဲ့ရသည့် ညဖြစ်သည်။ ထိုညသည် သူ့အတွက် ခြောက်ခြားဖွယ်ရာ ညတစ်ညဖြစ်ခဲ့သည်။ စိတ်ကြွဆေးခပ်ခံရပြီး နောက်မနက်တွင် သူဘေးတွင် အိပ်နေသော ဟန်နီကြောင့် သူ မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

နှလုံးသားကိုရင်း၍Where stories live. Discover now