9 U/Z

922 22 0
                                    

Uni
"အပိုင်း-၉"

ဘေဘီ မရှိသည့် အချိန်ကို မှန်းဆကာ ဂုဏ် ဘေဘီ အိမ်သို့ ကူးလာခဲ့သည်။ ယောက္ခမကြီးကို တွေ့ရသည့်အခါ ယောက္ခမကြီးကတော့ လူကြီးပီပီ သူ့ကို ဘာတစ်ခုမှ ကောင်းသည့် ဆိုသည့် မပြောခဲ့ပေ။

"ကျွန်တော် ဖြစ်ခဲ့သမျှ တောင်းပန်ပါတယ်"

ဒေါ်မေဇင် တစ်ယောက်  သူမ အရှေ့ဒူးထောက်တောင်းပန်နေသော သမက်ဖြစ်သူကိုကြည့်၍ သက်ပြင်းသာချမိသည်။ သူမ သမီးအကြောင်းကို သူမ သိနေသည်။ ဟင် ဆိုလှည့်ကြည့်သည့် မိန်းကလေးမဟုတ်။

"အန်တီကတော့ မင်းကို ချိုသည် ခါးသည် မပြောချင်တော့ပါဘူးကွယ်၊ အားလုံးက သမီး သဘောဆန္ဒအတိုင်းပါပဲ"

ဘေဘီ သဘောဆန္ဒအတိုင်းဆို သူ့ အတွက် အလား လာ မရှိနိုင်ပေ။ သူ မျှော်လင့်တကြီးနှင့် အန်တီကို တစ်ခုတောင်းဆိုချင်ပါသေးသည်။ ဤသည့်က သမီးလေးကို တွေ့ခွင့်ဖြစ်သည်။

"ကျွန်တော်သမီးလေးကို တွေ့ချင်ပါတယ် အန်တီ၊ ကျွန်တော်ကို ကျွန်တော်ကို တစ်ခါလောက် တွေ့ခွင့်ပေးပါလား အန်တီ"

သူ့ အရဲ့စွန့်ပြီး ခွင့်တောင်းမိတာပါ။  သမီးကို တစ်ကြိမ်လောက် ဖြစ်ဖြစ် သူ ပွေ့ဖက်ခွင့် ရချင်မိပါသည်။

ဒေါ်မေဇင် တစ်ယောက် လူကြီးပီပီ ရန်တုဖြစ်ရအောင်လည်း မသင့်တော် သဖြင့် သက်ပြင်းရှည်ကြီးကို ကြိတ်ချရင်း

"ကလေးက အပေါ်ထပ်အိပ်ခန်းမှာ အိပ်နေတယ်။ တက်သွားလိုက်နော်။ ဘေဘီ မပြန်ခင် ပြန်ပါ။ ဘေဘီ ပြန်လာရင် အန်တီ ပြဿနာတွေ မဖြစ်စေချင်ဘူးကွယ်"

"ဟုတ်ကဲ့ပါ အန်တီ"

"ရှင် ကို ဘယ်သူက ခွင့်ပြုလို့လဲ။ အဲ့ဒီမှာ ရပ်နေ"

ဒေါ်မေဇင်နှင့် စကားပြောပြီး အပေါ်တက်ရန် ခြေလှမ်းပြင်လိုက်သော ဂုဏ်ခြေလှမ်းတွေ ရပ်တန့်သွားရသည်။ စူးရှရှ ထွက်ပေါ်လာသော အသံပိုင်ရှင်လေးက သူ့အနားဝင်ရပ်လာကာ

"ရှင် ကျွန်မအိမ် ဘာလာလုပ်တာလဲ။  ကျွန်မ အိမ်ရိပ်ကို ရှင်နင်းစရာမလိုဘူး"

"ဘေဘီ သမီး"

ဘေဘီကို ဝင်ဟန့်တားရန် ပြင်နေသော မိခင်ကြောင့် ဘေဘီ မိခင်ကို တစ်ချက်ကြည့်ပြီး

နှလုံးသားကိုရင်း၍Where stories live. Discover now