Uni
"အပိုင်း ၁၃
ပြန်မလာတော့ဘူးဟု ဆုံးဖြတ်ခဲ့သည် မြန်မာပြည်ကို ဘေဘီ ခြေစနင်းဖြစ်ခဲ့သည်။ ဘေဘီ အရာရာအားလုံးကို စွန့်လွှတ်ခဲ့ပြီး ထွက်ခွာသွားသည့်မှာ ကြာခဲ့ပြီ ဖြစ်သည်။ ဘေဘီ ဘဝမှာ မေမေလည်း မရှိတော့သလို ဘေဘီချစ်ရသည့် အမျိုးသားဟာလည်း အခြားသူနှင့် အိမ်ထောင်ကျခဲ့ပြီ ဖြစ်သည်။3အခုတော့ ဘေဘီ တစ်ယောက်တည်း သမီးလက်ကို ခပ်တင်းတင်းဆွဲရင်း မြန်မာပြည်ကို ခြေချခဲ့ရသည်။
"ဘေဘီ နင် အဆင်ပြေရဲ့လား"
လေယာဥ်ကွင်းမှ ထွက်စဥ် စိုးရိမ်စိတ်ဖြင့် မေးလာသော တိုင်းကို သူမပြုံးပြလိုက်ပြီး
"ရတယ်တိုင်း။ ငါ အဆင်ပြေတယ်"
"ဦးရဲ့ ဘေဘီလေးရော ပင်ပန်းနေပြီလား"
တိုင်းက သူ ရင်ခွင်မှာ ပွေ့ချီထားသော မီးရောင်ချစ်လေးကို မေးလိုက်ခြင်း ဖြစ်သည်။ မီးရောင်ချစ်သည် သူ့ ရင်ခွင်မှာ ခေါင်းလေးမှီရင်း
"ပင်ပန်းပါဘူး ဦးဦးရဲ့။ ဦးဦး ကတိအတိုင်းနော်။ မီးကို ရေခဲမုန့်ကျွေးရမယ်"
နှုတ်ခမ်းလေးဆူကာ ချွဲနေသော ကလေးပီစိလေးကို သူ ချစ်မဝစွာ နမ်းရှိုက်လိုက်လေသည်။ ထိုကလေးလေးကို သူ ချစ်မဝခဲ့ပါ။ ပီစိလေးအရွယ်မှ စ၍ ချစ်မဝခဲ့သည့် ထိုကလေးလေးသည် ၅နှစ်ဆိုသည့် အချိန်များတွင်လည်း သူမှာ ချစ်မဝစွာ ချစ်နေဆဲဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~အိမ်ခြံတံခါးကြီးကို တွန်းဖွင့်လိုက်သည့်နှင့် ဘေဘီရင်ထဲက နာကျင်လာရသည်။ ဒီအိမ်ကြီးမှာ မေမေ ခေါင်းချသွားခဲ့သည်။ မေမေသည် သမီးတစ်ယောက်၏ စွန့်ပစ်ခံ ဘဝနှင့် သူမတို့ မိသားစု အိမ်လေးတွင်သာ ဘဝနေဝင်ချိန်ကို ကုန်ဆုံးခဲ့သည်။ ဘေဘီသည် မာမီ၏ နောက်ဆုံးအချိန်ကိုပင် မှီအောင်မလာနိုင်ခဲ့သော သမီးမိုက်ဖြစ်ခဲ့ရသည်။ သူမသည် သိပ်ကို တစ်ကိုယ်ကောင်းဆန်ခဲ့ပါလားဟု တွေးမိလိုက်သည်နှင့် မေမေ အပေါ် မတရားမှုတို့သည် ရင်ထဲမှာ ပြည့်ကျပ်လာရသည်။
ကျွန်းတံခါးမကြီးကို ဖြတ်ကျော်ကာ အိမ်ထဲဝင်လိုက်သည်။ အိမ်ထဲရောက်သည့်အခါ မြင်လိုက်ရသည့် ပုံရိပ်တွေက မေမေ ပုံရိပ်တွေသာ ဖြစ်သည်။ သမီးကို လက်တစ်ဖက်က ဆွဲပြီး အိမ်ထဲဝင်ခဲ့သော သူမရင်ထဲမှာ နာကျင်မှုဒဏ်ရာတို့သည် အလွန်ကို နက်ရှိုင်းလှသည်။

YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"