Uni
"အပိုင်း ၁၆"
ဂုဏ်တစ်ယောက် ကလေးကို ခေါ်ကာ မာမီအိမ်သို့ နောက်တစ်ကြိမ်ရောက်ခဲ့သည်။ ထိုတစ်ကြိမ်တွင် မာမီအိမ်တွင် မာမီသည် ကလေးမလေး တစ်ဦးနှင့် အတူ ရှိနေခဲ့သည်။ ပေါ်တီကိုအောက် ကားရပ်လိုက်သည်နှင့် ကလေးမလေးသည် ဂါဝန်လေးတလွှားလွှားနှင့် သူထံရောက်လာခဲ့သည်။ သူသည် မင်းပြည့်ရောင်ကို ချီ၍ ကားပေါ်မှ ဆင်းလာခဲ့သည်။ ကလေးမလေးသည် အိမ်ထဲဝင်လာသော သူကို မျက်လုံးပြူးလေးဖြင့်
"ဘယ်သူနှင့် တွေ့ချင်လို့လဲ ဦးဦး"
ချစ်စရာအသံလေးနှင့် ကလေးလေးအား သူသည် ငုံ့ကြည့်ပြီး သူ့ နှုတ်ခမ်းတွေ ကွေးညွှတ်သွားအောင် ပြုံးမိလိုက်သည်။ ပြီးနောက် သူသည် ကလေးရှေ့ ဒူးထောက်ထိုင်ချကာ မင်းပြည့်ရောင်ကို အောက်ချပေးလိုက်လေသည်။
"ဦးဦးက ဖွားဖွားရဲ့သား။ ဦးမျိုးဂုဏ်ရောင်ပါကွာ။ မီးမီးကရော"
သူပြောလိုက်သည့် အချိန်တွင် ကလေး၏ မျက်ဝန်းလေးသည် မှိုင်းညို့သွားသည်။ ထိုနောက် နှုတ်ခမ်းသေးသေးလေးတို့သည် လှုပ်လီလှုပ်လဲ့ဖြင့်
"ဒါဆို ဖေဖေပေါ့"
"ဟင်"
သူ မျက်ဝန်းတွေ ဝိုင်းသွားရသည်။ အရှေ့မှ ကလေးလေး၏ ဖေဖေဟု ခေါ်လိုက်သံသည် သူရင်ထဲ ရထား ၇ စင်းလောက်ဖြတ်မောင်းသွားသလို မြန်ဆန်သွားရသည်။ ထိုနောက် သူသည် မျက်ရည်များဝိုင်းနေသည့် မျက်ဝန်းများဖြင့်
"သမီး သမီးလေးလား"
"အီး အီး"
ကလေးသည် သူမေးလိုက်သည့် အခါ ပို၍ ငိုသည်။ သူသည် ကလေးကို ကြည့်ပြီး ရင်ထဲနင့်လာရသည်။ ဘေဘီ မေမေ နာရေးတုန်းက သူ့ ခဏတာပွေ့ချီခဲ့ရသော သမီးလေး။ သူသည် သမီးလေးကို တင်းနေအောင် ဖက်ထားလိုက်မိသည်။
"သမီး သမီးလေး။ ဖေဖေ သမီးလေး ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ရတာပဲ"
မီးရောင်ချစ်လေးကို ပွေ့ဖက်ပြီး သူ မျက်ရည်တွေ ကျနေရသည်။ ရင်ထဲ ဆို့နင့် ကြေကွဲခြင်းတို့ကြောင့် ဖြစ်ပေါ်လာသော စိတ်ခံစားချက်သည် သူ့ ခေါ်လာသည် မင်းပြည့်ရောင်ကိုပင် မေ့နေခဲ့လေသည်။

YOU ARE READING
နှလုံးသားကိုရင်း၍
Romance"ကျကွဲသွားတဲ့ ဖန်ခွက်တစ်လုံး။ ပန်းကန်တစ်ချပ်။ ဒီနေရာမှာ အကောင်းပကတိ ပြန်ဖြစ်ဖို့ဆိုတာ လွယ်ကူမနေဘူးလေ မာမီ။ အဲ့ဒီလိုပဲ ဘေဘီ ဘဝကလဲ အကောင်းပကတိအတိုင်း ပြန်မဖြစ်လာနိုင်တော့ပါဘူး" "ဘေဘီချစ်"